စိတ္တဇအမြင်အပါအဝင် ကလေးဇာတ်ကောင် စိတ်ဝင်စားဖွယ် ဝတ္ထုတိုများ

ဂါဦးနွန်းကို

600 Kyats ကျပ်
လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို၊ ဂမ္ဘီရဆန်ဆန် ဝတ္ထုဇာတ်လမ်းတွေကို အဆက်မပြတ် ဖန်တီးရေးသားနေတဲ့ လူငယ် စာရေးဆရာမ ဂါဦးနွန်းကိုရဲ့ စာအုပ်အသစ်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ထူးထူးခြားခြား ကလေးဇာတ်ကောင်တွေကို အဓိက အသုံးပြုထားတဲ့ ထူးထူးခြားခြား ဇာတ်လမ်းမျိုးနဲ့ ဝတ္ထုတိုတွေပဲ ဖြစ်ပါတယ်။ ‘တစ်ဖက်အိမ်မှကောင်လေး’ ၊ ‘ည’ ၊ ‘အပမှီခဲ့သောအရုပ်ကလေး’ ၊ ‘ကံကြမ္မာတစ်ဆစ်ချိုး’ … စတဲ့ ဝတ္ထုတိုတွေကို အရင်ဖတ်ကြည့်ပါလို့ ညွှန်းပါရစေ။