ခုံးကျော်တံတားအဆင်းက မအဝှာ

ဂမ္ဘီရလူမော်

500 Kyats ကျပ်
ငါက အထာညက်ပြီးသားပါကွ။ ပျဉ်းမပင်အထိ ရောက်မယ်လို့ အထာစကားပေးပြီး လှည့်ထွက်လာတာကို သူက နောက်က လိုက်လာတယ်ဆိုတော့ မင်းတို့လည်း သဘောပေါက် လိုက်ကြပေါ့ကွာ’ ဟု ပြော၍ ကံရွှေသည် ကားနောက်ခန်းသို့ မှန်အကာမှ စွေကြည့်လိုက်၏။ ဆောင်းည၏ အမှောင်ထုကြောင့် ထင်ထင်ရှားရှားမမြင်ရဘဲ လေတိုက်ရာလွင့်နေသော ဆံပင်ဖားလျားကြောင့် မျက်နှာကို မသဲမကွဲတွေ့ရ၏။ ကားလေးသည် ကတ္တရာလမ်းအတိုင်း မောင်းလာရာမှ တိုးချဲ့မြောက်ဥက္ကလာပအလွန် မြေနီလမ်းအကွေ့သို့ ရောက်လာသဖြင့် ‘ဟေ့ … ကံရွှေ၊ မင်းအဝှာမ ဘယ်မှာဆင်းမှာလဲလို့ မေးလိုက်’ ဟု ဝင်းဆွေက သတိပေးလိုက်၏။ ‘မင်း အခုထိ အထာမပေါက်သေးဘူး ဝင်းဆွေ၊ ဘာမှမေးစရာမလိုဘူး။ အထာနဲ့နေ။ လိုက်လာရင် စက်ရုံပေါက်ရောက်မှ ငါ ကြည့်ဇာတ်ခင်းမယ်’