သင် … ခွင့်လွှတ်တတ်ပြီလား

ချမ်းငြိမ်း(ဟံသာဝတီ)

500 Kyats ကျပ်
‘လူတချို့က ရင့်ကျက်တယ် … ခွင့်မလွှတ်ဘူး။ လူတချို့က ခွင့်လွှတ်တယ် … မရင့်ကျက်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ရင့်ကျက်မှုထက်ပိုတဲ့ စိတ်ထား။ မိမိအပေါ် အမှားလုပ်ထားတဲ့သူကို ရင့်ကျက်မှုနဲ့ ခွင့်လွှတ်လိုက်ပါ။ သင် … ခွင့်လွှတ်တတ်ပြီလား’ တဲ့။ ဒါက ဒီစာအုပ်ရဲ့ အနှစ်ချုပ်။ လူငယ်အကျိုးပြု စာပေတွေ ရေးသားနေတဲ့ ဆရာချမ်းငြိမ်း (ဟံသာဝတီ) ရဲ့ ပင်ကိုရေး စိတ်အာဟာရဖြည့် စာစုတွေကို စုစည်းထားတဲ့ ဒီစာအုပ်က အောင်မြင်ရေးလမ်းညွှန် တက်ကျမ်းစာအုပ်မျိုး မဟုတ်ဘဲ နှလုံးသားအာဟာရ၊ ဦးနှောက်အာဟာရအတွက် ဖြည့်စွက်မှုတွေ ပေးနိုင်မယ့် ဆောင်းပါးစာစုမျိုး ဖြစ်ပါတယ်။ လူငယ်တွေကို အဓိကထားပြီး လူတစ်ယောက်ဟာ လူ့ဘဝမှာ နည်းမှန်လမ်းမှန် နေတတ် ထိုင်တတ်၊ တွေးတတ် ကြံတတ်၊ ပြောတတ် ဆိုတတ်ဖို့အတွက် ရည်ရွယ်ပြီး ရေးသားထားပါတယ်။