လူငယ်နှင့်အောင်မြင်မှု

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးမှုဟာ အောင်မြင်မှုရဲ့ ပထမဆုံး လျှို့ဝှက်ချက်ပဲ ဖြစ်တယ်။ အောင်မြင်မှုဟာ မကျော်ကြားဘဲနဲ့လည်း ရချင်ရနိုင်တယ်။ အောင်မြင်မှုဟာ အသက်ငယ်ခြင်း ကြီးခြင်းနဲ့လည်း မဆိုင်ပါဘူး။ လူနဲ့အလုပ်၊ အလုပ်ကလူကို ဂုဏ်ဆောင်တယ်။ ဂုဏ်ရောင်ပြောင်စေတယ်။ ပြီးတော့ အောင်မြင်မှုဆိုတာ အလုပ်ရဲ့ အရည်အသွေးကို လူအများက အကဲဖြတ်ပေးခြင်းပဲ ဖြစ်တယ်။ ဒီအချက်တွေဟာ ခုတင်ပြထားတဲ့ စာအုပ်ထဲမှာပါတဲ့ ဘဝအောင်မြင်ရေးဆိုင်ရာ ဆောင်းပါးထဲက ကောက်နုတ်ချက်တွေပါပဲ။ လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုကို ဘယ်လိုရအောင် ယူမလဲ၊ အောင်မြင်မှုဆိုတာ ဘာလဲ စတဲ့ အောင်မြင်ရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများစွာကို ဒီစာအုပ်ထဲမှာ အားပါးတရ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။