ပညာသည် တန်ခိုးကိုဖန်ဆင်း၏

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
မြဝတီဂျာနယ်နဲ့ မြဝတီမဂ္ဂဇင်းတို့မှာ စာရေးသူ ရေးသားခဲ့တဲ့ ပေးစာပုံစံ ဆောင်းပါးတွေကို စုစည်းဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဆောင်းပါးတွေကတော့ အသက် (၂၀) ဝန်းကျင်အရွယ်ရှိ (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ အမျိုးမျိုးမှာ ပညာသင်ကြားဆဲ) မိန်းကလေးတွေကို ဦးကြီးတစ်ယောက်အနေနဲ့ ဆွေးနွေးအသိပေးချင်တဲ့ အကြောင်းအချက်တွေကို ပေးစာဆောင်းပါးဟန် ရေးသားထားတာကို ဖတ်ရှုကြရမှာပါ။ ခေတ်ပညာတတ် လူငယ်အမျိုးသမီးတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ ဆောင်းပါးတွေမို့ အထူးသဖြင့် မိန်းကလေးတွေ အလေးပေး ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။