ပစ်တိုင်းထောင် စိတ်ဓာတ်

ချစ်နိုင် (စိတ်ပညာ)

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာဆူးသစ်နဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) တို့ရဲ့ စာအုပ်နှစ်အုပ်ကို အခြေခံပြီး ရေးထားတဲ့ ဆောင်းပါးတွေပါ။ စိတ်ဓာတ်ကျနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို ဒီစာအုပ်ထဲက "စိတ်ဓာတ်ကောင်းမှ ဖြတ်သန်းနိုင်" ဆိုတဲ့ တစ်ပုဒ်ကို ဖတ်စေချင်ပါတယ်။ အခုကိုယ်လက်တွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ စင်္ကာပူကို အလုပ်သွားလုပ်မယ့် လူငယ်တစ်ယောက်ရဲ့ အခက်အခဲ၊ ဒုက္ခတွေကို မီပြီလား ဆိုတာ ပြန်နှိုင်းယှဉ်မိရင်း "လူတိုင်းမှာ အခက်အခဲဆိုတာ ရှိပါလား ၊ငါ့တစ်ယောက်တည်းသာ စိတ်သောကေ ရာက်နေရတာ မဟုတ်ပါလား" ဆိုပြီး ဖြေသိမ့်သွားနိုင်မှာပါ။ လူဆိုတာ ကိုယ့်ဒုက္ခကိုယ်မှ အကြီးဆုံးလို့ ထင်တတ်ကြတာ မဟုတ်လား။ ဒီစာအုပ်လေး ဖတ်မိလို့ "ဒုက္ခ၊ အခက်အခဲတွေဟာ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ်ဘူး" လို့ သိလိုက်ရရင်ကို အပူတစ်ဝက် ငြိမ်းစေတာမို့ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။ - Recommended by ဝိုင်းစိန် - (Member of Wun Zinn Readers Club)