ကျွန်တော့်ဘ၀ကိုလွှမ်းမိုးသော စာအုပ်များမှသည် လူငယ်များသို့

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
MRTV-4 ရဲ့ Intellectual Talk အတွက် ဆရာချစ်နိုင် (စိတ်ပညာ) ဟောပြောခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာဟာ သူ့ဘဝမှာ ဖတ်ရှုခဲ့တဲ့ စာအုပ်တွေထဲကမှ သူ့အပေါ် လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေအကြောင်းကို လူငယ်တွေဆီ ပြန်လည် ဖောက်သည်ချတဲ့ ဆောင်းပါးဟန်နဲ့ ရေးသားထားပါတယ်။ ဆရာဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင် မမယ်မ၊ ဆရာရွှေဥဒေါင်းရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ စုံထောက်မောင်စံရှား၊ ဇော်ဟိတ်၊ သူတော်စိန် စတဲ့ ဇာတ်ရုပ်တွေ ပါဝင်တဲ့ ဇာတ်လမ်းများ၊ ဆရာနန္ဒရဲ့ သံနှင့်သွေး၊ ဆရာရန်ကုန်ဘဆွေရဲ့ သေသော်မှတည့် သြော်ကောင်း၏၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ မုန်းရစ်လေဦး၊ ဆရာကြည်အောင်ရဲ့ ဧရာဝတီမှ ဒုဋ္ဌာဝတီသို့ ကဗျာ၊ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာတွေအပြင် အခြား စာအုပ်ကောင်းများစွာအကြောင်း ဇာတ်လမ်းအကျဉ်းချုပ်နဲ့ ခံစားမှုအစုစုတို့ကို ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။