ရတနာဂီရိ အကျဉ်းသား

ခဈြဦးညို

800 Kyats ကျပ်
ဒါကတော့ မကြာခဏ ပြန်လည် ရိုက်နှိပ်ရတဲ့ ဆရာချစ်ရဲ့ နာမည်ကြီး သမိုင်းနောက်ခံ ဝတ္ထုရှည် လက်ရာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ် ဖြစ်ပေါ်လာတဲ့ နောက်ခံက အခြားစာအုပ်တွေနဲ့ မတူပါဘူး။ ဆရာချစ်ဟာ ဒီစာအုပ်ကို ရေးမယ်လို့ စီစဉ်ခဲ့ပေမယ့် (၈) နှစ်ကျော် (၉) နှစ်ခန့် ကြာတော့မှ ဒဂုန်မဂ္ဂဇင်းမှာ အခန်းဆက် ဝတ္ထုရှည်အဖြစ် ရေးသား ဖော်ပြဖြစ်ခဲ့တာပါ။ (၃) လစာလောက် ရေးပြီး ဆက်မရေးဖြစ်ဘဲ ဒဂုန်မဂ္ဂဇင်း ခေတ္တနားရာကနေ ပြန်စတဲ့အခါမှာ ဆရာချစ်က စာမူတွေ ပြန်ယူပြီး၊ အခန်းဆက် မဖော်ပြတော့ဘဲ လုံးချင်းရေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၉၈၉) ဇူလိုင်မှာ ရေးသား ပြီးစီးခဲ့တဲ့ ‘ရတနာဂီရိအကျဉ်းသား’ ဟာ ဒီလ (၂၅) ရက်နေ့ဆို နှစ်ပေါင်း (၃၀) တိတိ ပြည့်ပါပြီ။ တမူထူးခြားတဲ့ အမှတ်တရ ဖြစ်ရပ်တွေနဲ့ ထွက်လာခဲ့တဲ့ ဒီဝတ္ထုကရော၊ စာဖတ်သူအတွက် ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားဖို့ ကောင်းနေမလဲ။