ကေလးရဟႏၱာ

ချစ်ဦးညို

600 Kyats ကျပ်
ပညတ္သြားရာ ဓါတ္သက္ပါလိုက္ပံုမ်ား။ ဆင်းရဲခြင်း အားကြီးသောကြောင့် မပြည့်စုံမှု အားကြီးသောကြောင့် သူ့အမည်က မဟာဒုတ် ဖြစ်သွားလေသည်။ ကြီးမားခြင်း၊ ကြီးကျယ်ခြင်း၊ ကြီးမြတ်ခြင်းဟု အဓိပ္ပါယ်ရသော ‘မဟာ’ သည် သူ့အတွက်တော့ ဒုက္ခဆင်းရဲ၏ ဝိသေသန ဖြစ်နေတော့သည်။ အကယ်တန္တု ‘ဒုက္ခ’ ဟူသော သဘောသည် အကောင်အထည် ဒြပ်ရှိသည် ဆိုငြားအံ့၊ သတ္တဝါတစ်ခုခု ဖြစ်သည်ဆိုငြားအံ့ ထိုဒုက္ခသတ္တဝါသည် သူ့ထံသို့ ရောက်ရှိသွားသည် ဆိုငြားအံ့။ သူ၏ ကြီးစွာသော ဆင်းရဲမှုကို ကြောက်လန့်တုန်လှုပ်ကာ ထိုသတ္တဝါသည် သူ့ထံမှ ထွက်ပြေးသွားလိမ့်မည်ဟုပင် ဆိုနိုင်ပေလိမ့်မည်။