လှိုင်း

ခူးခူး

800 Kyats ကျပ်
'အမှတ်တရတွေ အများကြီး ပေးခဲ့တဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ အရမ်းခက်တာ' တဲ့။ ဆရာမ ခူးခူးက ဒီဝတ္ထုကို ဒီလို ဖွင့်ထားတယ်။ စာချစ်သူတို့မှာရော အမှတ်တရတွေ အများကြီး ပေးခဲ့ပြီးမှ ဝေးကွာသွားရတဲ့အခါ ဘယ်တော့မှ မေ့မရနိုင်တဲ့ လူတစ်ယောက် ရှိဖူးလား။ ရှိတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါလားနော်။ ဆယ်တန်းကျောင်းသားဘဝရဲ့ ငယ်နုတဲ့ ရင်ခုန်သံတွေကို ပြန်ခံစားရမယ့် ဇာတ်လမ်းလေးဖြစ်သလို ဆယ်ကျော်သက်အရွယ် ရင်ခုန်တတ်စ လူငယ်တို့ရဲ့ နှလုံးသားဖြစ်ရပ်တွေ၊ အတိတ်ဟောင်းကို ပြန်ပြောင်းမေ့မရတဲ့ ဝေဒနာတွေနဲ့ ခပ်ဆန်းဆန်း ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ လှိုင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဆရာမခူးခူးက အလှပဆုံး ပုံဖော်ထားပါတယ်ခင်ဗျ။ ရင်ခုန်ခံစားကြည့်ရအောင်နော်။