ငါ့ရဲ့နင်

ခူးခူး

800 Kyats ကျပ်
“ငယ်ကျွမ်းဆွေ” ဆိုတဲ့ သီချင်းလေးကို ကြားဖူးကြမှာပါ။ “ငယ်သူငယ်ချင်းရေ …အခုတော့ ငယ်ကျွမ်းဆွေ”ဆိုတဲ့ စာသားလေးဟာ နှလုံးသားမှာ မှတ်မှတ်ထင်ထင်ဖြစ်နေကြပါလိမ့်မယ်။ ခူးခူးရဲ့ ဒီဇာတ်လမ်းလေးဟာလည်း တကယ့်ကို ငယ်ကျွမ်းဆွေပါပဲ။ ဒီလိုပဲ ငယ်စဉ်နုနယ် ဟိုးအရွယ်ကတည်းက နှလုံးသားကို စိုးမိုးလိုက်တဲ့ အချစ်ရဲ့ဖဝါးအောက် ဒူးထောက်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းလည်း ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဒီဇာတ်လမ်းဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမို့ ကလေးအရွယ်ကတည်းက ဆုံဆည်းခဲ့ကြတဲ့ “သမီးဦး” ၊ “ချစ်သူပိုင်” ၊ “နှစ်သစ်” ဆိုတဲ့ ဒီသုံးယောက်ကြား ရင်ခုန်သံစည်းချက်တွေက လှိုက်ဖိုဖို့ကောင်းလှပါတယ်။ တွေ့စအချိန်မှာပဲ စွဲလမ်းသွားရတဲ့ မျက်ဝန်းတစ်စုံကြောင့် သမီးဦးရဲ့ဘဝမှာ အချစ်ဟာ ဘယ်လောက် ကြီးစိုးသွားခဲ့တယ်ဆိုတာ အချစ်အကြောင်း မသိသေးရင်တောင် လွမ်းမောဖို့ ကောင်းကြမှာပါ။