ဆုံခွင့်

ခိုင်မီမီဇင်

700 Kyats ကျပ်
မြခွာညိုဆိုတာ နက်မှောင်တဲ့ ဆံနွယ်ရှည်တွေနဲ့ အရပ်မြင့်မြင့်၊ သွယ်လျလျ လှပနုနယ်တဲ့ မိန်းမချောလေးတစ်ဦး။ သူ့မှာ ချစ်သူတစ်ယောက် ရှိတယ်။ မြခွာညိုရဲ့ ချစ်သူ ကိုကိုကျော်ဟာ ရေခဲတုံးလို အေးစက်ပြီး ချစ်သူကို ဂရုစိုက်လို့ စိုက်ရမှန်းလည်း မသိ။ ချစ်သူချင်း တွေ့ဆုံတဲ့အခါမှာလည်း ချစ်စကားတွေ၊ အနာဂတ်အစီအစဉ်တွေ၊ ဆွေးနွေးတိုင်ပင်ဖို့ နားမလည်။ တွေ့ရင် စီးပွားရေး၊ တိုးတက်ရေးနဲ့ သူခုံမင်တဲ့ စားပွဲတင်တင်းနစ် အကြောင်းကလွဲပြီး ဘာမှ မပြောတတ်ဘူး။ မြခွာညိုအနေနဲ့ ချစ်သူရဲ့ ကြင်နာမှု၊ ယုယမှုတွေကို လိုချင်တယ်၊ ချစ်သူနဲ့ ရင်ခုန်စရာ လျှောက်လည်ချင်တယ်၊ ဒါပေမဲ့ ဖြစ်မလာဘူး။ ဒီအခါ ... လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ကြင်နာမှု၊ ယုယမှု၊ ဂရုစိုက်မှုတွေ မရခဲ့တဲ့သူဟာ သူလိုချင်တဲ့အရာတွေ ပေးမယ့်သူနဲ့ တွေ့ခဲ့တဲ့အခါ ...