သိပ်ချစ်ရတာကိုကိုသိပါတယ်

ခိုင်မီမီဇင်

700 Kyats ကျပ်
အောင်မျိုးလတ်ဆိုတဲ့ ခပ်ဆိုးဆိုး ဂျစ်ပေပေကောင်ဆိုးလေးကို တစ်ဖက်သတ် ချစ်နေရရှာတဲ့ မြူးမြူး။ မြူးမြူးရဲ့ အချစ်က ပြင်းပြင်းရှရှ။ စူးစူးနစ်နစ်။ မိုက်မိုက်မဲမဲ။ အောင်မျိုးလတ်နဲ့ ပတ်သက်လာရင် အသက်ပင်သေသေ ဆိုတာမျိုး သဘောထားတဲ့ အချစ်။ မိန်းကလေးမို့ စမပြောသာတဲ့ မြူးမြူးရဲ့ ရင်ထဲမှာတော့ ချစ်ရသူတစ်ယောက် တခြားသူလက်ထဲ ပါသွားလေမလားဆိုတဲ့ ပူပန်စိတ်တွေ အပြည့်။ ဒီလို အချစ်ခံစားမှုတွေနဲ့အတူ မိသားစုနောက်ခံ အဖြစ်အပျက်၊ အရှုပ်အထွေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်အိမ်ခိုင်ခိုင် ခံစားရမယ့် အချစ်ဝတ္ထုကောင်းတစ်ပုဒ်ပါ။