ကြင်နာသူ အနိုင်ယူစေ

ခိုင်မီမီဇင်

700 Kyats ကျပ်
ချစ်ရသူ ကြင်နာရသူဆိုတာ ချစ်တတ်တဲ့သူအတွက်တော့ အပြစ်လုပ်လည်း အပြစ်မတင်ရက်၊ ဘာလုပ်လုပ် ချစ်ကြင်လျက်နဲ့ ခွင့်လွှတ်နားလည်ပေးရတာပါပဲ။ ဆိုးသမျှ၊ ချွဲနွဲ့အနိုင်ယူသမျှ၊ သူ ဘာလုပ်လုပ်၊ သူ ဘာပြောပြော ခေါင်းငုံ့ခံ အနိုင်ပေးခြင်းဟာ အချစ်ရဲ့ အမှတ်သင်္ကေတတစ်ခုပါ။ ချစ်သူကို အနိုင်ယူဖို့ ချစ်ခဲ့တာမှ မဟုတ်တာပဲလေ။ ဒီဇာတ်လမ်းမှာလည်း မိတဆိုးသမီးလေးမို့ ဖခင်ရဲ့ ဖူးဖူးမှုတ် အလိုလိုက်ခံထားရတဲ့ သက်ဆုမို ဆိုတဲ့ ကောင်မလေးဟာ ချစ်သူရှိလာတဲ့အခါ ချစ်သူကို ဘယ်လို အနိုင်ယူ ဆိုးနွဲ့ပေမဲ့ ချစ်သူက ဘယ်လိုများ ခေါင်းငုံ့မြေခ ချစ်ပြမလဲဆိုတာ စာချစ်သူတို့ ခံစားကြည့်ပါဦး။