မှီခိုသူဘဝမှ လွတ်မြောက်ရေးနှင့် လူ့ဂုဏ်ရည်ဂုဏ်သွေး

ခင်မောင်တိုး(မိုးမိတ်)

600 Kyats ကျပ်
...အောင်မြင်မယ်လို့ ထင်ထားသူဟာ အောင်မြင်သွားတာပါပဲ။ သင့်ကိုယ်သင် ယုံကြည်ပါ၊ အဲဒီ သံကြိုးမျှင်လေးကိုတော့ လူတိုင်း ရင်ခုန်ပါတယ်။ ရိုသေလေးစားမှုဟာ အောင်မြင်မှုရဲ့ မိခင် ဖြစ်ပါတယ်။ ရိုသေလေးစားမှု ရှိရင် လုံခြုံစိတ်ချစွာ နေထိုင် ရှင်သန်နိုင်ပါတယ်။ လူတစ်ဦးစီဟာ သူ့ စိတ်နေစိတ်ထားနဲ့ အခိုင်းအစေ သို့မဟုတ် အရှင်သခင် ဖြစ်တယ်။ သူဟာ သူကိုယ်တိုင်ရဲ့ အခိုင်းအစေ သို့မဟုတ် အရှင်သခင်ပါပဲ။ အစောင့်အကြပ် ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုကို လက်လွတ်စပယ် ပစ်ချလိုက်ပြီး ပြင်းထန်တဲ့ ဒေါသစိတ်ကို အညံ့ခံ အရှုံးပေးလိုက်ရင် ကျဆုံးဖို့ပဲ ရှိတယ်။ ဘုရားသခင်မှ နေစရာနှစ်ခု ရှိပါတယ်။ ကောင်းကင်ဘုံနဲ့ ကျေးဇူးတရားကို သိတတ်တဲ့ နှလုံးသားပါပဲ။ ဒီလိုမျိုး ကောင်းမွန်တဲ့ စာကြောင်းလေးတွေ အတွက် အဓိပ္ပာယ် ရှိပြီး ဖတ်လိုက်တိုင်း ရင်ထဲ ရောက်သွားတဲ့ ဆောင်းပါးတိုတိုကလေးတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ ပြောခဲ့တဲ့ QUOTE တွေကို ပြန်လည် ရှင်းပြ မျှဝေတဲ့ ပုံစံနဲ့ ပြောပြထားတော့ ဖတ်လိုက်တိုင်း ကိုယ့်အတွက် အကျိုး ရှိသွားတာပါပဲ။