တိုယိုဒါမွ တိုယိုတာသို့

ခင်ဇော်

800 Kyats ကျပ်
ဂျပန်နိုင်ငံ၏ တည်ဆဲဥပဒေအရဆိုရင် နိုင်ငံခြားသားများအဖို့ ဂျပန်နိုင်ငံနှင့် စီးပွားကုန်သွယ်မှု ပြုလုပ်ရန် ဝေးစွ၊ ဂျပန်နိုင်ငံအတွင်းသို့ပင် ဝင်ရောက်ခွင့် မရှိချေ။ ဂျပန်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ခေါင်းဖြတ်ပစ်မြဲ ဖြစ်သည်။ ထို့ကြောင့်လည်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ပါရီအနေနှင့် ယခု ဝင်ရောက်လာရာတွင် ဂျပန်တွေ အတွေးအခေါ် ပြောင်းလဲသွားစေဖို့ အဆင်သင့် အင်အားအပြည့်အစုံနှင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။