နေဝန်းဖလ်ဝါ

ခင်ဆွေဦး

600 Kyats ကျပ်
နေဝန်းဖလ်ဝါဟာ ခေတ်စနစ်ပြုပြင်ရေး၊ လူထုဘဝသရုပ်ဖော်၊ နိုင်ငံအကျိုးပြု စတဲ့ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်ရတဲ့ တိုင်းကျိုးပြည်ပြု ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ပါ။ ဝတ္ထုဇာတ်လမ်းပါ ခေတ်နောက်ခံက ယနေ့ခေတ်နဲ့ အနည်းငယ် ကွာဝေးပေမယ့် ဒီဇာတ်လမ်းထဲက လူထုဘဝ၊ စနစ်အကြောင်း၊ နိုင်ငံအကျိုးပြု သဘောတရား စတာတွေကတော့ ဒီနေ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ခေတ်နဲ့ ထပ်တူညီကြောင်း စာဖတ်သူများ ခံစားမိပါလိမ့်မယ်။ ရာထူးဂုဏ်ဒြပ်၊ ငွေကြေးစည်းစိမ်၊ အာဏာနိုင်ငံရေး စတာတွေရဲ့ ဖောက်ပြန်တတ်တဲ့ သဘောတွေကိုလည်း ဒီဝတ္ထုမှာ တွေ့ရပါတယ်။ ဒါနဲ့အတူပဲ သာမန်ပြည်သူလူထု ဘဝနေထိုင်မှု၊ သူတို့ရဲ့ ဘဝစရိုက်၊ သာတူညီမျှကောင်းစားရေး စတာ တွေရဲ့ အခြေအနေအမှန်ကိုလည်း ဒီဝတ္ထုမှာ တွေ့မြင်ရပါမယ်။ ဒီသဘောစရိုက်တွေကို သရုပ်ဖော်ထားတဲ့ ဇာတ်ကောင်တွေကလည်း အရမ်း အသက်ဝင်နေပါတယ်။ အထူးပြောချင်တာကတော့ ဆရာမခင်ဆွေဦးရဲ့ နေဝန်းဖလ်ဝါဟာ ရသတစ်ခုထဲတင် မဟုတ်ဘဲ လူထုဘဝတိုးတက်ရေး စေတနာတွေပါ ထင်ဟပ်နေတယ် ဆိုတာပါပဲ။