ဝါဆိုဦးကပန်ဖူးတယ်

ခင်ဆွေဦး

800 Kyats ကျပ်
ဆရာမခင်ဆွေဦးရဲ့ စာပေလက်ရာတွေမှာ ဖခင်ဖြစ်သူ ဆရာကြီးမဟာဆွေရဲ့ အရိပ်တွေ ထင်ဟပ်နေပါတယ်။ ဒါဟာ အရေးအဖွဲ့၊ ဇာတ်အိမ်တစ်ဆောက်ပုံ၊ စကားလုံးစတာတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဆရာမရဲ့ ဝတ္ထုတိုင်းမှာ စွန်းထင်းနေတဲ့ အရိပ်ကတော့ ဆရာကြီးမဟာဆွေရဲ့ တိုင်းပြည်နဲ့ လူထုအပေါ် ထားရှိတဲ့ စေတနာပါ။ ခေတ်ကာလအလျောက် ပြည်သူလူထုဘဝကို ထင်ဟပ်၊ အများအကျိုးဆောင် လောကတည်ဆောက်ရေးတွေကို စာပေအနုပညာနဲ့ ဖော်ညွှန်းမှုမှာ အဖေ့သမီးပီသလှပါတယ်။ အခု ဝါဆိုဦးမှာ ပန်းခူးတယ် ဝတ္ထုဟာလည်း ဘဝကို မေတ္တာတရားအခြေခံ လျှောက်လမ်းနေတဲ့ လူငယ်တွေရဲ့ ရိုးသားမှု၊ အေးချမ်းမှု။ နောက် ငွေကြေးဥစ္စာ၊ အတ္တမာနတွေ ဖုံးလွှမ်းညစ်နွမ်းနေတဲ့ ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်။ ဒီဇာတ်ကွက်တွေထဲမှာမှ ရဲရဲဝင့်ဝင့် သတ္တိအားမာန်တွေနဲ့ ပြည့်နှက်နေတဲ့ မြင့်မြတ်တဲ့စိတ်၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်မှု စတာတွေကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။ ဒါကြောင့် ဝတ္ထုတစ်ပုဒ်ကိုဖတ် ရင်း လူပီသတဲ့ လူသားတစ်ယောက်ဖြစ်ရေး စိတ်ဓာတ်ကိုပါ ခံစားမိစေမယ့် လက်ရာကောင်း ဖြစ်တယ်လို့ ဆိုပါရစေ။