ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်

ခင်ခင်ထူး

1000 Kyats ကျပ်
✨ ဆရာမခင်ခင်ထူးလို့ ဆိုလိုက်တာနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အညာဒေသ အငွေ့အသက်တွေကို မျက်စိထဲ မြင်ယောင်လာအောင် … နှလုံးသားထဲကနေ တစိမ့်စိမ့် ခံစားမိလာအောင် ရိုးရိုးရှင်းရှင်းနဲ့ ပိုင်နိုင်စွာ ရေးသားနိုင်တဲ့ စာရေးဆရာမကြီး တစ်ဦးအဖြစ် သိကြပါတယ်။ အခုညွှန်းမယ့် စာအုပ်က အဲ့ဒီလိုမျိုး ရသမြောက် ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်၊ ပြောရရင် … စာဖတ်သူကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်တဲ့ … ဖတ်နေရင်း မျက်ရည်ဝဲလာစေမယ့် ဝတ္ထုတစ်ပုဒ်ပါပဲ။ ✨ ဒီဝတ္ထုက မြန်မာနိုင်ငံမှာ တကယ်ရှိတဲ့ ရွာလေးတွေကို အကြောင်းပြုပြီး ရေးဖွဲ့ထားတယ်။ ရွာရဲ့ ယုံကြည်မှု ဓလေ့ထုံးစံကို အဓိက ဇာတ်အိမ်တည်ထားတာပါ။ ကျွန်တော်တို့အားလုံး ရင်းနှီးကြတဲ့ ‘ကိုကြီးကျော်နတ်ပွဲ’ ဆိုတာ ဒီဝတ္ထုရဲ့ နောက်ခံကားချပ်ပေါ့! ✨ ဒီပွဲကို တစ်နှစ်တစ်ခေါက်လောက်မှ မသွားရမှာ စိုးရိမ်တတ်ကြတဲ့ အညာသူ အညာသား ပုံရိပ်တွေ၊ သူတို့ရဲ့ ရိုးသားပြီး သဘောကျချင်စရာကောင်းတဲ့ နေပုံထိုင်ပုံ ဓလေ့စရိုက်တွေ၊ နောက်ပြီး ... အရမ်းပဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကျွန်းဆယ့်နှစ်ရွာက နတ်ပွဲအကြောင်း၊ ပွဲကို အကြောင်းပြုပြီး ချစ်ခဲ့ကြိုက်ခဲ့ကြတဲ့ လူငယ်သဘာဝလေးတွေကို မြင်ရမယ်။ ✨ ထူးထူးခြားခြား ပေါ်လွင်နေတဲ့အချက်ကတော့ ဒီဝတ္ထုထဲမှာ ချစ်ခြင်းမေတ္တာကို အလေးအနက် ပုံဖော်ထားတာပါပဲ။ အချစ်ဆိုတာထက် နူးညံ့သိမ်မွေ့ပြီး ရင်ထဲမှာ နင့်ခနဲ ခံစားမိသွားစေမယ့် မေတ္တာအကြောင်းပါပဲ။ အဲ့ဒီအချက်ကြောင့်လည်း၊ ဒီဝတ္ထုဟာ ဘယ်တော့မှ မေ့မရနိုင်တော့မယ့် ဝတ္ထုလို့ ပြောရတာပေါ့။ - ကိုကျီးညို - ခင်နှောင်း - ခင်နှောင်းမိခင်ကြီး သူတို့သုံးဦးကိုလည်း စာဖတ်သူရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့တော့မယ့်၊ မကြာခဏ သတိရနေတော့မယ့် ဝတ္ထုဇာတ်ကောင်တွေ ဖြစ်သွားပါလိမ့်မယ်။ ဝတ္ထုအဆုံးသတ်ကိုလည်း ရင်ထဲမှာ လွမ်းမောဖို့ကောင်းအောင် အမြဲတမ်း သတိရနေမယ့် ပုံစံနဲ့ အဆုံသတ်ထားတာပါ။ ကိုယ်ကိုယ်တိုင် ဖတ်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် !