မင်္ဂလာလှည်း

ခင်ခင်ထူး

1000 Kyats ကျပ်
မြို့နဲ့ အလှမ်းဝေးလှတဲ့ ကျေးလက်ရွာကလေးတစ်ရွာမှာ အေးသီနဲ့ ဒေါ်စွန်မတို့ သားအမိနှစ်ယောက်တည်း နေထိုင်ကြတယ်။ အေးသီက မြို့မှာ သနပ်ခါးသွားရောင်းရင်း မောင်ကြိုင်ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ထုံးစံအတိုင်း စတွေ့စမှာ မတည့်ကြပေမဲ့ နောက်ပိုင်းမှာတော့ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး သမီးရည်းစားတွေ ဖြစ်ခဲ့ကြတယ်။ အေးသီ ရွာပြန်ခါနီး မောင်ကြိုင်က ရွာကိုလိုက်လာခဲ့မယ့်အကြောင်း၊ မိသားဖသားပီပီ လာတင်တောင်းမယ့်အကြောင်းပဲ မှာခဲ့ပြီး အေးသီနေတဲ့ ရွာဟာ ဘယ်မှာရှိတယ်ဆိုတာ သေသေချာချာ မမေးခဲ့မိဘူး။ မောင်ကြိုင်လာမယ့် မနက်မှာ အေးသီကလည်း ကျကျနန ပြင်ဆင်ပြီး စောင့်နေခဲ့တယ်။ ဒါပေမဲ့ အချစ်စစ်တို့ရဲ့ လမ်းဟာ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာ မောင်ကြိုင်က သက်သေပြလိုက်တာပါပဲ။ အေးသီနေတဲ့ ရွာကို နာမည်လောက်ပဲသိပြီး ဘယ်လမ်းဘယ်ခရီးကနေ ဘယ်လိုသွားရမှန်း မသိတဲ့ မောင်ကြိုင်တစ်ယောက် ခေါ်လာတဲ့ လမ်းပြကလည်း တကယ်မသိဘဲ ယောင်ချာချာဆိုတော့ကာ ကိုးရို့ကားယားတွေ ဖြစ်ပါလေရောပေါ့ခင်ဗျ။ ဒီလောက်အစပျိုးရင်တော့ စာချစ်သူတို့အတွက် ဆက်လက်ဖတ်ရှုဖို့ အဆင်သင့် ဖြစ်လောက်ပြီ ထင်ပါတယ်နော်။ မင်္ဂလာကိစ္စအတွက် ချစ်သူရှိရာဆီ စမ်းတဝါးဝါး ရှာပုံတော်ဖွင့်တဲ့ မောင်ကြိုင်နဲ့အတူ ဘယ်သူတွေ ပါလာမလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံရမလဲ၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားနေကြပြီ ထင်ပါတယ်။ ဆက်ပြီး ဖတ်ကြည့်ပါဦး။ ပြုံးစရာ၊ ရယ်စရာ၊ စိတ်ကြည်နူးချမ်းမြေ့စရာ၊ ရသများစွာနဲ့ ကျေးလက်အငွေ့အသက်တွေကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ရသဝတ္ထုရှည်တစ်ပုဒ်ကို စာချစ်သူတို့အတွက် လက်တို့လိုက်ပါတယ်။