ဖက်စိမ်းကွမ်းတောင်

ခင်ခင်ထူး

1000 Kyats ကျပ်
...မနက်စောစော ထမင်းအိုးတစ်လုံးတည်ခဲ့ပြီး မိသားစုငါးယောက် ဝိုင်းစားလိုက်တာပဲ။ အဲဒါ တစ်နေကုန်စာ ပြီးပြီ။ ညနေ မရီ ငှက်ရောင်းပြီး ပြန်လာရင် ပခြုပ်ထဲမှာ ဆန်ထုပ်ကလေး ပါလာတယ်။ အဲသည် ဆန်ထုပ်ကလေးကို ညမနက်ခွဲတယ်။ မရီ ညစာချက်တယ်။ ပြီးရင် ကိုမြဒင် ငှက်ထောင်တဲ့နောက်ကို လိုက်သွားတာပဲ။ တာရိုးကြီးတစ်လျှောက်လုံးမှာ ကိုမြဒင်နှင့် တူတဲ့သူ ဆိုတာ မရှိလေတော့ မရီ ရှာရတာ လွယ်တယ်။ ကိုမြဒင်ရှိရာကိုသွားပြီး ငှက် ကူထောင်တယ်။ ကိုမြဒင်ရဲ့ ခြင်းကြားကြီးထဲမှာ ငှက်ကောင်ရေဟာ မနက်ဖြန်တွက်ကလေး ခန့်မှန်းမိရင် လင်မယားနှစ်ယောက် အိမ်ပြန်ခဲ့ကြတယ်။ ရေမိုးချိုးပြီးရင် မိသားစုငါးယောက် ထမင်းဝိုင်းစားလိုက်ကြတယ်။ ပြီးရင် ထမင်းလုံးစီရင်း အိပ်ကြတော့တာပဲ။