ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်းဆင်

ခင်ခင်ထူး

1000 Kyats ကျပ်
မဟေသီမဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့ပြီးမှ စာအုပ်အဖြစ် ထွက်ရှိခဲ့တဲ့ ဆရာမခင်ခင်ထူးရဲ့ နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ်။ မကြာမီမှာ ရုပ်သံဇာတ်လမ်းတွဲအဖြစ် နောက်ထပ် အနုပညာဖန်တီးမှုတစ်မျိုးနဲ့ ထပ်မံတွေ့မြင်ခံစားရမယ့် ဒီဝတ္ထုရှည်ကို စာချစ်သူတွေ ဖတ်ချင်နေကြမှာ သေချာပါတယ်။ ဆရာမ ခင်ခင်ထူး ခပ်ငယ်ငယ်အရွယ်က မတ္တရာနယ်၊ ရထားလမ်းနံဘေးက ပေါက်တောဆိုတဲ့ ရွာကလေးမှာ မူလတန်းပြဆရာမအဖြစ် တာဝန်ကျခဲ့ဖူးပါတယ်။ ဘဝတစ်ကွေ့က အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေကို ပြန်လည်ဇာတ်လမ်းဆင်ပြီး နတ်ရေကန်ရွာကလေးက ကျောင်းဆရာမလေးရယ်၊ ရွာသူရွာသားတွေရယ်၊ ကျောင်းသူကျောင်းသားတွေရယ်၊ ကျောင်းသားမိဘတွေရယ်ကို ဇာတ်ကောင်ပြုလို့ ရေးသားထားတဲ့ ကျေးလက်ရနံ့သင်းနေတဲ့ မြန်မာဝတ္ထုရှည်တစ်ပုဒ်ပါ။ နတ်ရေကန်ရွာကလေးမှာ တာဝန်ကျလာတဲ့ ဆရာမလေး မပုန်းရည်၊ ဆရာမလေးကို ဂရုတစိုက်ရှိတဲ့ ကိုကြာစွယ်တို့ မိသားစု၊ နတ်ရေကန်ရွာသားတွေရဲ့ ရိုးသားဖြူစင်မှု၊ ကျောင်းသားတွေနဲ့ ဆရာမအကြားက မေတ္တာတရား … စတဲ့ ဖြစ်ရပ်တွေနဲ့ ဇာတ်ရှိန်အနိမ့်အမြင့် အတက်အကျ လှလှပပ ပုံဖော်ထားတဲ့ … ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်းဆင်။