ဦးချစ်သည်း

ကကြိုးသျှင်

1000 Kyats ကျပ်
‘ဟိုးကမ္ဘာဦး အစက လူတွေဟာ ခုလို ပုံစံမဟုတ်ဘူး … မျက်နှာနှစ်ခု၊ လက်လေးဖက်၊ ခြေနှစ်ချောင်းနဲ့၊ လမ်းလျှောက်တဲ့အခါ မတ်မတ် လျှောက်ပေမဲ့ ပြေးတဲ့အခါ သစ်တုံးကြီးလို တလိမ့်လိမ့် ပြေးတယ်တဲ့။ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း အရမ်းကြီးတယ်။ ဘယ်လောက်ထိလဲ ဆိုရင် ဒေဝလောကကို စစ်ထိုးဖို့ ကြိုးစားခဲ့ကြတဲ့ အထိပဲ။ ဒေဝါဓိပတိဇု နတ်ဘုရားမင်းဟာ နတ်ပြည်ကို စစ်ထိုးရန်ပြုဖို့ ကြိုးစားလာတဲ့ လူတွေအပေါ် အလွန်အမင်း အမျက်ရှပြီး အပြစ်ပေးဒဏ် ခတ်တဲ့အနေနဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ကို ထပ်ဝက်ခြမ်းပစ်လိုက်ပါတယ်။ အချစ်ဆိုတဲ့ အရာဟာ အဲဒီအချိန်မှာ စတင်ပေါ်ပေါက် လာခဲ့ပါတယ်။ နှလုံးသားတစ်ခြမ်းနဲ့ လူသားတွေဟာ ပျောက်ဆုံးနေတဲ့ နှလုံးသား တစ်ခြမ်းကိုရဖို့ ကျန်တဲ့ ကိုယ်တစ်ခြမ်းကို ဘဝဆက်တိုင်း ဆက်တိုင်း လိုက်ရှာနေကြရသတဲ့။ ဒီနေ့က ကျွန်တော့်ကိုယ်တစ်ခြမ်း လူလောကထဲ စတင်ရောက်လာခဲ့တဲ့ နေ့ပါ …’ ဆိုတဲ့ နေဇ။ ‘ဝင်းခနဲ လျှပ်စီးအလက်တွင် လေနှင့်မိုးတို့ကြောင့် ပြိုကျလုလု ယိမ်းယိုင်နေသည့် သစ်ပင်သစ်ကိုင်းများအား မြင်လိုက်ရသည့်နောက် …’ မိုးတွေ သည်းသည်းရွာနေတဲ့ ညတစ်ညအကြောင်း စတင် နိဒါန်းပျိုးထားတဲ့ ဦးချစ်သည်း ဆိုတဲ့ ဒီလုံးချင်းဝတ္ထုကတော့ ဆရာမ သျှင်မရဲ့ သမီးဖြစ်သူ စာရေးဆရာမ ကကြိုးသျှင်ရဲ့ ဒုတိယမြောက်လက်ရာ အချစ်ခံစားမှု လုံးချင်းဝတ္ထုရှည်တစ်ပုဒ်ပါ။ ဒီစာအုပ်ကို ရေးသားဖို့အတွက် ဆရာမ ကကြိုးသျှင်က အားထုတ်မှုတွေ အများကြီးနဲ့ ကြိုးစားဖန်တီးခဲ့တယ်လို့ ဆိုထားပါတယ်။ ဆရာမ ကကြိုးသျှင်ရဲ့ လက်ရာကို ပထမစာအုပ်မှာတင် စွဲမက်နှစ်ခြိုက်ခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီစာအုပ်ကလည်း ရင်ထဲ စွဲကျန်ခံစား ဖတ်ရှုရမယ့် ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းကောင်းကောင်း ဝတ္ထုရှည်တစ်ပုဒ်ပါပဲ။ ဖတ်ရှုခံစားကြည့်ကြပါစို့ စာချစ်သူတို့ရေ။