သူ့နေခြည်ကြောင့်နွေးပါသည် …

ကကြိုးသျှင်

1000 Kyats ကျပ်
...ဝန်ဇင်းပရိသတ်ကြီး အနေနဲ့ ဝတ္ထုစာအုပ်တွေ အများကြီး ဖတ်ဖူးပါလိမ့်မယ်။ ဖတ်ရင်းနဲ့မှ ကိုယ့် နှလုံးသားထဲကို သံမှိုစွဲသလို စွဲနေတဲ့ ဝတ္ထုဇာတ်ကောင်မျိုးနဲ့ ကြုံဖူးလား။ ဒါမှမဟုတ် ကိုယ်ဟာ အဲ့ဒီ ဝတ္ထုဇာတ်ကောင်လိုမျိုး ဖြစ်သွားပြီးတော့ ရက်တော်တော်ကြာအောင် အဲ့ဇာတ်ကောင် ခံစားနေရတဲ့အတိုင်း ခံစားသွားရတာမျိုးရော ဖြစ်ဖူးလား။ တကယ်လို့ အဲ့ဒီလို မဖြစ်ဖူး မကြုံဖူးသေးဘူးဆိုရင် အခု ကြုံရတော့မယ်လို့ မှတ်လိုက်ပါတော့။ စာဖတ်ပရိသတ် အခိုင်အမာ ရထားတဲ့ စာရေးဆရာမ သျှင်မရဲ့ သမီး - ကကြိုးသျှင် - ရေးတဲ့ ဝတ္ထုကို မိတ်ဆက်လိုက်ပါပြီ။ အမေကလည်း အကြောင်းအရာကောင်းကောင်းနဲ့ စာရေးလည်းကောင်းသလို သမီးဖြစ်သူကလည်း အမေ့ခြေရာကို အပြည့်အဝ နင်းနိုင်တယ်လို့ ပြောရမှာပါပဲ။ ဒီဝတ္ထုအဖွင့်ကစလို့ ‘စံမြန်း’ ဆိုတဲ့ ကလေးမလေး။ ငယ်ငယ်လေးပဲ ရှိသေးတယ်၊ မိခင်ရဲ့ ထားရစ်ခြင်းကို ခံခဲ့ရတယ်။ ပတ္တမြားရိပ်စံအိမ်ကြီးထဲက ဟန်ဆောင်မျက်နှာဖုံးနဲ့ လူတွေအောက်က စိတ်ဓာတ်အမှန်ကို ခါးခါးသီးသီး မြင်တွေ့ရပြီး ကလေးဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေတဲ့ စံမြန်းဟာ အသက် ဆယ်နှစ်ပဲ ရှိသေးတယ်။ ဝတ္ထုအစကတည်းက စံမြန်းလေးဟာ အိမ်ပေါ်က ဆင်းတော့မှာ …. တော်ရုံစာဖတ်သူ မထင်တားတဲ့ ဝတ္ထုအဖွင့်နဲ့ အတွင်းထဲက ဇာတ်လမ်း ဇာတ်ကွက်တွေက ထမင်းမေ့ ဟင်းမေ့ ဖတ်မိသွားတဲ့အထိပဲ။ Spoil ဖြစ်မှာစိုးလို့ ... ဝတ္ထုအကြောင်း မပြောတော့ဘူးနော်။ စာဖတ်သူကိုယ်တိုင်သာ ဖတ်ရှုခံစားကြည့်ပါတော့လို့ ပြောပါရစေ။