လမ်း၌တွေ့ခဲ့သော ပန်းချီကားများ

ကျွန်းစဉ်မြေစောခက်

600 Kyats ကျပ်
ကျောင်းဆရာဘဝကို မြတ်နိုးလွန်းခဲ့တဲ့ ဆရာကျွန်းစဉ်မြေစောခက်ရဲ့ ရသဝတ္ထုရှည် စာအုပ်တစ်အုပ်။ ကျောင်းဆရာဖြစ်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကာလ၊ ကျောင်းဆရာဖြစ်ပြီးချိန် တွေ့ကြုံကြားသိ ပတ်သက်ခံစားမိခဲ့တဲ့ လောက၊ အငြိမ်းစားယူပြီးချိန် အများအကျိုးအတွက် ရှေ့တန်းတင် လုပ်ဆောင်ခဲ့စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘဝခရီး လမ်းတစ်လျှောက်မှာ တွေ့မြင်ခဲ့ရတဲ့ ပန်းချီကားတွေအဖြစ် ခံစားမြင်မိပြီး စာဝါကျတွေအဖြစ် ပြန်လည်ပုံဖော် ရေးသားခဲ့တဲ့ ဝတ္ထု ဖြစ်ပါတယ်။ ဒီဝတ္ထုထဲက အဓိကဇာတ်ကောင် တင်မိုးရဲ့ ဘဝဖြတ်သန်းမှုတွေက ရင်နင့်စရာ၊ ဝမ်းနည်းစရာ၊ နာကျင်စရာ၊ စိတ်မကောင်းစရာတွေ ပြည့်နေသလို အားကျအတုယူစရာ၊ လေးစားစရာ၊ ဂုဏ်ယူစရာတွေလည်း အပြည့်ပါပဲ။ တင်မိုးရဲ့ ကလေးဘဝအရွယ်ကနေ ကျောင်းဆရာဘဝ၊ အဲဒီကမှ အငြိမ်းစားယူတဲ့ ဘဝအချိန်တွေအထိ ဖြတ်သန်းမှုတွေကို ရသဝတ္ထုရှည်တစ်ပုဒ်အနေနဲ့ ခံစားကြရမှာ ဖြစ်ပါတယ်။