ဥဒေါင်းသံပြိုင် မောရမြိုင်

ကလောင်စုံ

800 Kyats ကျပ်
မောရ … ပါဠိဘာသာအရ ဥဒေါင်းငှက်တို့ ပျော်စံရာ၊ မြိုင် … တော လို့ အဓိပ္ပာယ်ရတဲ့ မောရမြိုင်ခေါ် မွန်ပြည်နယ် မော်လမြိုင်သား စာရေးဆရာတွေ စုပေါင်းထုတ်ဝေလိုက်တဲ့ သုတ၊ ရသ၊ ဂမ္ဘီရ၊ ရသစုံ ဝတ္ထုတိုပေါင်းချုပ် စုစည်းမှု စာအုပ်တစ်အုပ်။ တစ်ချိန်က မော်လမြိုင်အရပ်ဟာ လူသူအရောက်အပေါက်နည်းပြီး နတ်ပြည်နတ်ဘုံလို လှပသာယာတဲ့ တောအုပ်ကြီး ဖြစ်ခဲ့တဲ့အတွက် ဥဒေါင်းငှက်တို့ရဲ့ ပျော်စံရာ၊ ကျက်စားရာ၊ ဌာနတစ်ခု ဖြစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့်ပဲ မောရမြိုင်လို့ အမည်တွင်ခဲ့ရာက မွန်ဘာသာစကားနဲ့ ‘ဒွိငိန်မှိန်’၊ မြန်မာလို ‘မောလို့မှိုင်’ ကနေ ကာလရွေ့လျောပြီး မော်လမြိုင်လို့ အမည်တွင်ခဲ့တဲ့ မွန်တို့ဌာနေ ရာမညမြေ။ ဒီမြေဇာတိက စာရေးဆရာ ကလောင်စုံရဲ့ ရသစုံ ဝတ္ထုတိုတွေကို ဒီစာအုပ်မှာ တစ်စုတစ်စည်းတည်း ဖတ်ကြရမှာပါ။ စာရေးဆရာ များစွာရဲ့ သုတ၊ ရသ၊ ဂမ္ဘီရ၊ ရသစုံလင်တဲ့ အကြောင်းအရာ အဖုံဖုံ ဝတ္ထုတွေက အများကြီး ဆိုတော့ တစ်ပုဒ်ချင်းစီကို ညွှန်းပြလို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စာပေနယ်မှာ ကလောင်စွမ်းထက်ပြီးသားဖြစ်တဲ့ ဒေါင်းစာရေးဆရာတွေရဲ့ စာမူတွေက စာချစ်သူတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူကွဲပြားတဲ့ အရသာတွေ ပေးမှာတော့ အသေအချာပါပဲ။ ဘယ်လို စာအုပ်မျိုးလဲဆိုတာတော့ စာချစ်သူတို့ကိုယ်တိုင်ပဲ ဖတ်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ အထူးပြောစရာကတော့ ဒီစာအုပ်ကို ရွေးချယ်ဖတ်လိုက်တဲ့အတွက် စာအုပ်အရွေးမမှားဘူးဆိုတာတော့ အာမခံပါရစေ။