ပဲပြုတ်နှင့် နံပြား

ကလောင်စုံ

600 Kyats ကျပ်
အောက်တိုဘာအောင်ကြီး စီစဉ်ပြီး ကလောင်ရှင်များစွာ ပါဝင်ရေးသားထားကြတဲ့ ‘ပဲပြုတ်နှင့် နံပြား’ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‘ပဲပြုတ်နှင့် နံပြား’ ဆိုတဲ့ ခေါင်းစဉ်ကို မြင်ရုံနဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့ကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ဗိုလ်ချုပ်က ဒေါ်ခင်ကြည်ကို ‘ကြည် … ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်’ ဆိုတဲ့ စာကလေးတစ်စောင် ရေးပေးခဲ့ဖူးကြောင်း အားလုံး သိပြီးသား ဖြစ်မှာပါ။ စဉ်းစားစရာတစ်ခုက ဒီစာ၊ ဒီစကား၊ ဒီတောင်းဆိုမှုလေးဟာ နာမည်ကျော်ကြားလှပေမယ့်လို့ ဗိုလ်ချုပ်ဟာ အဲဒီနေ့က ပဲပြုတ်နဲ့ နံပြား စားခဲ့ရ၊ မစားခဲ့ရ၊ ဆိုတာပါပဲ။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဆောင်းပါး၊ အက်ဆေးတွေက ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်အကြား၊ ပဲပြုတ်နဲ့ နံပြား စာကလေးတစ်စောင်နဲ့ ပတ်သက်လို့ အမှတ်တရတွေ၊ ခံစားမှုတွေ၊ ဆင့်ပွား အတွေးအမြင်တွေကို အခြေခံ ရေးသားထားတဲ့ သုတရသ စာဝါကျတွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။