ဂႏၳဝင္ဖြတ္က်ား

ကိုရွှေတောသား

500 Kyats ကျပ်
ခင်မောင်ဂေါ်ကလည်း ခင်မောင်ဂေါ်။ သည်နေရာဘက်တွင် “မ-တစ်လုံးကြေ” ဆိုသည့် လူစားမျိုး။ သည်တော့ ရင်ထဲစွဲနစ်ခဲ့ပြီဖြစ်သော မျက်လုံးထောင့်ကပ် အကြည့်လေးကြောင့် မွတ်တားခမျာ ဒီအဖွဲ့နှင့် လိုက်လျောညီထွေ ဖြစ်ရမည်ကို သဘောပေါက်သွားလေသည်။ “ကိုင်းပါ ခင်မောင်ဂေါ်ရဲ့ … မင်းပြောတဲ့ ဝင်နီနဲ့ ငါ့ကို မိတ်ဆက်ပေးပါကွာ၊ မင်းကျေးဇူးကို နောင်မမေ့ပါဘူး” “နောင်တွေ ဘာတွေ လုပ်မနေနဲ့ … ငုဆိုမှငု၊ ခုဆိုမှခုပဲကွ၊ မင်း အခု တို့သောက်ထားတဲ့ အအေးဖိုးတွေ မင်းရှင်းပေးမယ်ဆိုရင် မင်းဖြစ်စေချင်တာတွေ ဖြစ်စေရမယ်” “အို … စိတ်ချစမ်းပါကွာ၊ ဒီလောက်ကတော့ မွတ်တားတို့က စာရင်းထဲတောင် မထည့်ဘူး” အချစ်၏ စွမ်းပကားကား ကြီးမားလွန်းပါပေစွ။ “ပေးကမ်းခြင်းဟူသည် အောင်မြင်ရာ၏” ဆိုသော ထုံးကို မွတ်တားတစ်ယောက် နှလုံးမူလိုက်ပါချေပြီ။ ချက်ချင်းလက်ငင်းဆိုသလိုပင် စားပွဲထိုးကလေးကို ခေါ်၍ သောက်စားထားသည့် ကျသင့်ငွေအားလုံးအား ရှင်းပေးလိုက်သည်။ “သည်လိုမှပေါ့ မွတ်တားရယ်၊ မင်းကိစ္စ အဆင်ပြေရပါစေမယ်ကွာ၊ မင်းနှမနဲ့အဆင်ပြေအောင် မင်းဘက်က အကျိုးဆောင်မပေးခဲ့ပေမယ့် ငါကတော့ ဒီလိုစိတ်ထားမျိုး မင်းအပေါ် မထားပါဘူး။ ကိုင်း … ငါနဲ့ လိုက်ခဲ့ဟေ့” ကျေးလက်ပျော် ဟာသလုံးချင်းဝတ္ထု စစ်စစ် ကြိုက်သူတိုင်း ဒီစာအုပ်ကို ဖတ်ရှုနိုင်ပါပြီ။