ကြုံဖူးတဲ့အဖြစ်တွေရယ်

ကိုရွှေတောသား

500 Kyats ကျပ်
ကိုရွှေတောသားရဲ့ စာပေဖြတ်သန်းမှု သက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ရယ်စရာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေကို ပြန်လည်ဖောက်သည်ချထားတဲ့ ‘ကြုံဖူးတဲ့ အဖြစ်တွေရယ်’ စာအုပ်ကတော့ ဝတ္ထုဇာတ်လမ်းမျိုး မဟုတ်ပေမဲ့ တစ်ပုဒ်ချင်း တစ်ပုဒ်ချင်းအလိုက် တသောသော သဘောကျစရာ အမှတ်တရ ဟာသစာစုမျိုးမို့ ဒီစာအုပ်ဖတ်ရင်း ရယ်ဖို့သာ ပြင်ထားကြပေတော့လို့ ပြောရပါမယ်။ အထူးသဖြင့် စာပေလောက၊ စာနယ်ဇင်း အယ်ဒီတာလောက၊ စာရေးဆရာဘဝ၊ စာအုပ်လောကထဲက အဖြစ်အပျက်တွေမို့ ကိုရွှေတောသားရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ဒေသအပြင် သူ ကြုံခဲ့ရတဲ့ ရယ်စရာ မောစရာ အမှတ်တရများစွာကို ပြုံးတစ်လှည့် ရယ်တစ်ခါ ဖတ်ရှုကြရမှာပါ။