ယောက္ခမတို့ မေတ္တာ

ကိုရွှေတောသား

500 Kyats ကျပ်
...ယောက္ခမတို့ ပို့သဘော မေတ္တာသုတ် တစ်စောင်လုံးအား ပုဒ်ထီးပုဒ်မပါ မကျန် ကျုံး…ကျုံးပြီး ခံနေကြရကုန်သော သမက်အပေါင်းတို့ ရည်ညွှန်းပါသည်။ …. တဲ့။ ဒါဟာ မြို့မေတ္တာခံယူမယ့် ကိုရွှေတောသား ဆိုတဲ့ ဟာသနှင့် သရော်စာ ဝတ္ထုရေးဆရာ ကိုရွှေတောသားရဲ့ ဝတ္ထု အဖွင့် ရည်ရွယ်ချက် အမှာတော်ကြီးပါ။ မိန်းမကို ချစ်၊ ယောက္ခမကို ကြောက် နေရတဲ့ သားမက်တွေနဲ့ ယောက္ခမ ဘာပြောပြော ဘာလုပ်လုပ် ကြက်လည်ပင်းလိမ်နေသလို ဘာမှ မပြန်မပြောနိုင်ရှာ ငြိမ်ခံနေရပါတဲ့ သားမက်တွေကတော့ အနာထိရင် စပ်နေကြပါလိမ့်မယ်။ ဘယ်လိုမျိုး ဟာသတွေနဲ့ ဘယ်လောက်ထိ ရယ်ရမလဲ၊ ဘယ်လိုမျိုး သရော်ချက်တွေကြောင့် ဘယ်လောက်ထိ စပ်ကြမလဲ ဆိုတာကတော့ စာအုပ်သာ ဖတ်ကြည့်ပါတော့လို့။