တောကဖိုးရှုပ်

ကိုရွှေတောသား

500 Kyats ကျပ်
သူ၏ ခြံပေါက်ဝ၌ ဦးနက်ကျော် (အထက်တန်းရှေ့နေကြီး) ဟူသည့် ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထား၏။ ယခု … ထိုဆိုင်းဘုတ်သည် ပျောက်ချင်းမလှ ပျောက်နေပေပြီ။ ထို ရှေ့နေဆိုင်းဘုတ်အစား အောက်ပါဆိုင်းဘုတ်က အခန့်သား ရောက်ရှိနေလေသည်။ အမိန့်ရ အရက်ဖြူဆိုင် အကြွေးလုံးဝမရောင်းပါ။ ပြင်ပမှအမြည်းများ ဆိုင်တွင်းသို့ယူဆောင်လာခွင့်မပြု။ လက်ဖက်သုပ်ရမည်၊ အမဲကြော်ရမည်၊ အာပြဲခြောက်ကြော်ရမည်။ ရှေ့နေ့ကြီး ဦးနက်ကျော်သည် ညဝတ်လုံချည် ဖင်ပေါက်ကြီးကို ဝတ်လျက်၊ မျက်နှာသစ်ရန် ရေဖလားခွက်ကို ကိုင်ကာ အိမ်ရှေ့သို့ ထွက်လာရင်းမှ အဆိုပါ ဆိုင်းဘုတ်ကိုကြည့်ရင်း ပက်ပက်စက်စက် ဆဲဆိုနေလေရာ ရှေ့အိမ်၊ နောက်အိမ်၊ ဘေးအိမ်များမှ ပါးစပ်ပိတ်လျက် တခိခိဖြစ်နေကြလေ၏။ “တောက်! … လူကမမွေး၊ ဟိုဒင်း သမန်းရှထားတဲ့ မျောက်က မွေးထားတဲ့ဟာတွေ၊ သေသေချာချာ သိလို့ကတော့ အချုပ်ခန်းထဲ ဆွဲထည့်ပစ်မယ်ဟေ့”