ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများ

ကိုတာ

500 Kyats ကျပ်
“ကိုယ်ကောင်းတယ်ထင်တာ ကိုယ်လုပ်ကြရတာပါပဲ” ဟု ဆရာပါ (ပါရဂူ) က ပြောပါ သည်။ ကောင်း မကောင်းတော့ ကိုယ့်ဟာကိုယ်လည်း ဆင်ခြင်၊ ပညာရှိနှင့်လည်းတိုင်ပင် ဒီလို လုပ်ရမှာ ထင်ပါသည်။ ပြတင်းပေါက် ဖွင့်ထားရန်ကိုတော့ သင့်လည်း သဘောတူမည် ထင်ပါသည်။ ကျွန်တော့်အခန်း ပြတင်းပေါက်မှ မိုးကောင်းကင်ကြီးကို လှမ်းကြည့်ရသည်မှာတော့ အရသာရှိလှသည်။ “အာကာခွင်တွင် လေလျှင်လွတ်လပ်” ရလျှင် ဘယ်လောက် ကောင်းမည်နည်း။ ငှက်ဖြူများ ပျံသွားလျှင် “ငှက်ဖြစ်ရလျှင်” အတော်ကောင်းမည်ဟု သဘောကျလေ့ရှိပါသည်။ လေထဲမှာ ငြိမ့် နေတာပဲ၊ တယ်လွတ်လပ်တာပဲ စသည်ဖြင့် တွေးတတ်ပါသည်။ ငှက်ဖြစ်သွားပြီး တောင်တန်းများ ဟိုဘက်၊ သမုဒ္ဒရာများ၏ ဟိုဘက် ရောက်သွား၊ ပန်းချီကားများ ကြည့်ပြီး ပြန်ရောက်သောအခါ၊ စာရေးဖို့ ဝမ်းစာရမှာ သေချာသည်။ ကောင်းတယ် မကောင်းတယ်လည်း အခန်းထဲမှာချည်း အောင်း နေတာထက်တော့ ပိုသိမှာဟု တွေးမိပါသည်။