နှလုံးသွေးနှင့်ရင်း၍

ကာတွန်းကြည်ဝင်း

800 Kyats ကျပ်
ဒေါက်တာနွေနွေက သူတစ်ပါးရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက် ကုသပေးချင်လို့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တဲ့ မိန်းကလေးပါ။ ဂုဏ်ကြောင့်၊ မိဘတွန်းအားကြောင့်၊ အမှတ်များတာကြောင့် ဆိုတဲ့ အူကြောင်ကြောင် ရည်ရွယ်ချက်တွေနဲ့ ဆေးကျောင်းတက်ခဲ့တာ မဟုတ်ဘဲ ဝါသနာကြီးလွန်းလို့ ဆရာဝန်ဖြစ်လာခဲ့သူ။ ဆရာဝန်တစ်ယောက် ဖြစ်လာတဲ့အခါမှာလည်း လူနာတွေအပေါ် ဆင်းရဲချမ်းသာ မခွဲခြားဘဲ စေတနာထားပြီး ကုသပေးသူ။ တစ်ည … ဒေါက်တာနွေနွေဟာ ဂျူတီချိန်ပြီးလို့ ကားကို ကိုယ်တိုင်မောင်းပြီး အိမ်ပြန်လာခဲ့ချိန်မှာ ဒယီးဒယိုင်နဲ့ လမ်းဖြတ်ကူးလာတဲ့ လူတစ်ယောက်ကို မြင်လိုက်တာမို့ အရှိန်လျှော့ရင်း ဟွန်းတီးလိုက်တယ်။ ဒီအချိန်မှာပဲ အဲဒီလူဟာ လမ်းအလယ် ဝုန်းခနဲ ပြိုလဲကျသွားတယ်။ ဒေါက်တာနွေနွေလည်း အလန့်တကြားနဲ့ ကားထိုးရပ်ပြီး ဆင်းကြည့်တော့ အဲဒီလူဟာ ကျန်းမာရေးဆိုးဝါးနေပုံရပြီး အားပြတ်သတိလစ်သွားမှန်း သိလိုက်တယ်။ ဒါနဲ့ပဲ ဖြတ်သွားဖြတ်လာလူတွေရဲ့ အကူအညီနဲ့ ကားပေါ်တင်ပြီး အိမ်ကိုခေါ်လာခဲ့တယ်။ ဒေါက်တာဟာ ဆရာဝန်စိတ် တစ်ခုတည်းနဲ့ ဒုက္ခရောက်လာတဲ့ လူနာကို ပစ်မထားရက်ဘဲ အိမ်ခေါ် ဆေးကုသပေးခဲ့တဲ့ ဒေါက်တာနွေနွေကို မိဘတွေက ဆူပူကြတာပေါ့။ ဒါပေမဲ့ ဒေါက်တာနွေနွေကတော့ သူ့လူနာကို ပြန်ကျန်းမာလာတဲ့အထိ ခေါ်ထားခဲ့တယ်။ တစ်ခုရှိတာက လူနာဟာ လောကကြီးထဲမှာ ဆက်ရှင်သန်ချင်စိတ် မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲပို့ဖို့ ကြိုးစားခဲ့သူဖြစ်မှန်း သိလိုက်တဲ့အခါမှာတော့ … ။