မျှော်လင့်ခြင်း၏ အဆုံးမဲ့ ရင်ကွဲနာ

ကာတွန်းကြည်ဝင်း

600 Kyats ကျပ်
ရသအပြည့်နဲ့ လုံးချင်းဝတ္ထုရှည်ကိုမှ အားပါးတရ ဖတ်ချင်တယ် ဆိုရင် ဒီစာအုပ်ကို ညွှန်းပါရစေ။ မိသားစုတစ်စုရဲ့ အကြီးဆုံး သားဆိုတာ အစ်ကိုကြီး အဖရာဆိုတဲ့ စကားပုံအတိုင်းပဲ။ ညီငယ် ညီမငယ်တွေအတွက် မိမိဆန္ဒကို မျက်ကွယ်ပြုပြီး အစ်ကိုကြီးတစ်ယောက် ပီသဖို့၊ အဖအရာ တာဝန်ကျေဖို့ အနစ်နာခံရတယ်။ ချစ်သူ ခင်မေထားနဲ့ နှစ်ကိုယ်တူဘဝလေး တည်ထောင်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ တာဝန်တွေကြောင့် စီစဉ်မယ်ကြံတိုင်း ပျက်ပျက်သွားရတဲ့ ဘဝအခြေအနေက မိုးထက်နိုင်ကို သောကများစေခဲ့တယ်။ ဒီတစ်ကြိမ်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် လက်ထပ်ပွဲ ကျင်းပတော့မယ်ဆိုပြီး တိုင်ပင်ခဲ့ပေမဲ့လည်း အိမ်ပြန်ရောက်တဲ့အခါမှာ ကြမ္မာဆိုးက မိုးထက်နိုင်ကို အသင့်စောင့်ကြိုနေပါတယ်။ ဆောက်လုပ်ရေးမှာ ငြမ်းပျက်ကျိုးပြီး မတော်တဆ သေဆုံးသွားတဲ့ ဖခင်ကြောင့် မိသားစု တာဝန်ဟာ မိုးထက်နိုင်အပေါ် ပိုပြီး ပိလာခဲ့ပြန်တယ်။ ချစ်သူနဲ့ မိသားစုအကြား သောကများနေရတဲ့ မိုးထက်နိုင်တစ်ယောက် ချစ်သူကောင်းတစ်ယောက် ပီသဖို့ကြိုးစားမလား၊ အစ်ကိုကြီး အဖအရာ တာဝန်ကျေဖို့ ဆုံးဖြတ်မလား။ ချစ်ခြင်းမေတ္တာနဲ့ အခြေခံလူမှုဘဝထဲက အဖြစ်အပျက်တွေကို ရောယှက်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းက ဖတ်ရှုသူတွေကို လက်ကမချနိုင်အောင် ဆွဲခေါ်သွားမှာပါ။