အရှေ့ကိုလျှောက်၍ အနောက်ကိုရောက်သည်

ကာတွန်းကြည်ဝင်း

600 Kyats ကျပ်
ဘဝရသ ဝတ္ထုကောင်းကောင်းကိုမှ ဖတ်ချင်သူတွေအတွက် လူ့ဘဝသရုပ်ဖော် ရသဝတ္ထုရှည်တစ်ပုဒ် လာပါပြီ။ အရှေ့ကိုလျှောက်၍ အနောက်ကိုရောက်သည် … တဲ့။ ခေါင်းစဉ်ကို ဖတ်မိရုံနဲ့တင် စိတ်ဝင်စားစရာ။ ပုံမှန်အတိုင်းဆို အရှေ့ကိုလျှောက်တဲ့လူက အရှေ့ကိုပဲ ဦးတည်ရောက်ရှိမှာမဟုတ်လား။ ဒီစာအုပ်ကျမှ ဘာကြောင့် အနောက်ကို ရောက်သွားရသလဲ။ တစ်ခါတရံတော့ လူ့ဘဝဟာ မျှော်လင့်ထားသလို မဖြစ်တတ်၊ ယုံကြည်ထားသလို အမှန်မဟုတ်၊ ဖြစ်ချင်တာတွေနဲ့ လွဲချော်တတ်တဲ့ သဘောတရားတွေ ရှိနေတယ်လေ။ ဒီဇာတ်လမ်းမှာလည်း မင်းခန့်ညားဆိုတဲ့ ငယ်ငယ်ချောချော လူငယ်တစ်ယောက်၊ ဘဝလောကရဲ့ ရိုက်ခတ်မှုတွေကို ကြံ့ကြံ့ခံ အံတုရင်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ပေမဲ့ ဘယ်လောက်ကြိုးစားကြိုးစား ကံတရားက မျက်နှာသာမပေးတဲ့အခါ သူ ဘာဆက်လုပ်မလဲ။ သူ့ကို အားကိုးရပ်တည်နေတဲ့ မိသားစုအတွက်၊ အချစ်အတွက်၊ ဘဝအတွက်၊ သူ ဘယ်လမ်းကို လျှောက်မလဲ။ ရင်နင့်စရာ၊ နာကျင်စရာ၊ ခံပြင်းစရာ၊ စိတ်မကောင်းစရာတွေ ပြည့်နေတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းက စာဖတ်သူကို လုံးဝ ဆွဲဆောင်ထားပါလိမ့်မယ်။