ပန်းငုဝါမြိုင်

ကလျာ(ဝိဇ္ဇာသိပ္ပံ)

600 Kyats ကျပ်
“ပန်းငုဝါမြိုင်” ဟာ ချစ်ခြင်းတရားရဲ့ သန့်ရှင်းဖြူစင်မှုနဲ့ လောဘမောဟတရားတွေရဲ့ ညစ်နွမ်းမှုတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ ဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါ။ ပန်းငုဝါမြိုင်ဆိုတဲ့ အိမ်ကြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ မျိုးဆက်နှစ်ဆက်အတွင်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာတဲ့ ချစ်ခြင်းတရား၊ ငွေဂုဏ်ဓနဂုဏ်တွေနဲ့ လောဘတရားတွေအကြား စတေးလိုက်ရတဲ့ ချစ်သူတို့ရဲ့ ဖြူစင်သော မေတ္တာတရား၊ ပြီးတော့ အငြိုးအတေးတွေကြောင့် ပေးဆပ်လိုက်ရတဲ့ ဘဝတွေအကြောင်း ရေးဖွဲ့ထားတာပါ။ ဒီဝတ္ထုဇာတ်ကြောင်းမှာ စာဖတ်သူများအနေနဲ့ ကြည်နူးစွာ၊ လှိုက်ဖိုစွာ၊ ရင်မောစွာ၊ ကြေကွဲစွာ၊ ဝမ်းနည်းစွာ၊ မောဟတရားရဲ့ ကြောက်မက်ဖွယ်ကောင်းပုံတွေကို သံဝေဂရဖွယ် ဖတ်ရှုရပါလိမ့်မယ်။ တစ်ခေတ်တစ်ခါက ဝတ္ထုရွှေခေတ်ကို တည်ထောင်နိုင်ခဲ့တဲ့ ဆရာမကြီးရဲ့ ဝတ္ထုလက်ရာတွေကို စာဖတ်ပရိတ်သတ်တို့ ဘာကြောင့် တရှိုက်မက်မက် ဖတ်ရှုခဲ့ကြရတယ်ဆိုတာ ဒီဝတ္ထုကို ဖတ်ကြည့်တာနဲ့တင် စာဖတ်သူအသစ်များအတွက် သိစေနိုင်မှာပါ။ ထို့အတူပဲ ဆရာမကြီးရဲ့ လက်ရာတွေကို ကြိုက်နှစ်သက်ခဲ့ဖူးကြတဲ့ စာဖတ်ပရိတ်သတ်အဟောင်းများ အတွက်လည်း ပြန်လည်တမ်းတနေကြသော ဆန္ဒတို့ ပြည့်ဝစေမှာ ဖြစ်ပါတယ်။