အချစ်ဦးမို့ပါ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
‘အချစ်ဦးမို့ပါ … နှလုံးသားနုနုလေး တဆတ်ဆတ် တုန်ခါ … အမုန်းမြားနဲ့ သူ ပစ်ခွင်းရက်ခဲ့တာ …’ ရွှေယမုံခရဲ့ ခံစားချက်။ ‘အချစ်ဟာ ဂမ္ဘီရပဲ … လျှို့ဝှက်စွာ ချဉ်းနင်းဝင်ရောက်လာ … ငါ့အသည်းပလ္လင်ထက်မှာ ဘယ်အချိန်ကများ … အကျအန နန်းထိုင်နေ ..’ ဆိုတဲ့ မာန်ဝင့်ထည်ရဲ့ အချစ်ဒဿန ဖွင့်ဆိုချက်။ ဒီလို အစပျိုးထားတဲ့ ဇာတ်လမ်းလေးမှာ မာန်ဝင့်ထည်နဲ့ ရွှေယမုံခတို့ရဲ့ လွမ်းမောစရာ ချစ်ပုံပြင်လေးကို ခံစားကြရမှာပါ။ အချစ်ဦးဆိုတာ လူတိုင်းနီးပါးမှာ ရှိခဲ့ကြဖူးမှာပေါ့။ ဒါပေမဲ့ အချစ်ဦးနဲ့ ပေါင်းဖက်ပျော်ရွှင် ရွှေလက်တွဲရတဲ့ ချစ်သူစုံတွဲတွေကတော့ ရှားပါးလှပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်ရင်ထဲမှာတော့ အချစ်ဦးနဲ့ ပတ်သက်တဲ့ အတိတ်ခံစားမှုတွေကတော့ အသည်းထောင့်တစ်နေရာမှာ အမြဲရှိနေပြီး တိုက်ဆိုင်မှုရှိတဲ့အခါမျိုးမှာ လူးလွန့်ရုန်းကြွလာတတ်မှာပါ။ ဒါကလည်း အချစ်ဦးမို့ပါလေ။