ဘယ်တော့မှ အရှုံးမပေးနဲ့

Goddess

500 Kyats ကျပ်
ဘယ်တော့မှ အရှုံးမပေးလိုက်နဲ့ … မင်း လမ်းဆုံကို ရောက်သွားတဲ့ အခါ၊ အောင်မြင်မှုလမ်းနဲ့ လက်လျှော့ အရှုံးပေးမယ့် လမ်းနှစ်ခုကို တွေ့လိမ့်မယ် ။ အောင်မြင်တဲ့သူ စကားကို နားထောင်လိုက်ပါ။ လက်လျှော့ အရှုံးပေးတဲ့ သူက မင်းသွားချင်တဲ့ ခရီးလမ်းကို ဘယ်တော့မှ ခေါ်သွားပေးမှာ မဟုတ်ဘူး ။ ငါတို့ ကိုယ်တွင်းထဲမှာ အောင်မြင်သူ တစ်ယောက်ရှိတယ်လို့ ငါ ယုံကြည်တယ် ။ မင်းရဲ့ ကိုယ်တွင်းထဲမှာ အောင်နိုင်သူ တစ်ယောက် ရှိတယ်။ တစ်ခါတလေကျရင် ငါတို့တွေက အရှုံးသမားတွေနဲ့ အချိန်အကြာကြီး အတူ ရှိနေမိကြတယ် ။ ဒါပေမဲ့ … အောင်နိုင်သူ တစ်ယောက်ရဲ့ စိတ်ထားမျိုး ထားပါ။ အမှန် ပြောပြရရင် လူအများစုက သူတို့ရဲ့ အိပ်မက်တွေ အပေါ် လက်လျှော့အရှုံး ပေးတတ်ကြတယ်။ လူအများစုက သူတို့ရဲ့ အိပ်မက်တွေကို လက်လျှော့တတ်ကြတယ်။ သာမန် ဘဝမှာ နေထိုင်ပစ်ကြတယ် ။ ဒါပေမဲ့ လူအများစု ဘယ်လို လုပ်ကြတယ် ဆိုတာက အရေးမကြီးဘူး။ မင်း ဘာလုပ်တယ် ဆိုတာကသာ ... အရေးကြီးတယ်။