ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၇)

Goddess

500 Kyats ကျပ်
ရုတ်တရက် ရီဝမ်ဝမ် သတိထားမိသွားသည်ကား သူမနံဘေးမှ စိုက်ကြည့်လို့နေပါသည့် တစ်စုံတစ်ယောက်သောသူ။ သို့သော် ဒီတစ်ချိန်တွင်တော့ သူမ ခပ်မိုက်မိုက် ခပ်တည်တည် အေးစက်စက်လေး နေပစ်နိုင်ခဲ့ပါ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူမတွင် အခု လုပ်စရာအကြွေးတို့ တောင်ပုံရာပုံ ရှိနေသည်မို့ သူ့ကြောင့် ဆက်ပြီး ခေါင်းအစား မခံနိုင်တော့ပါချေ။ “ကျွတ်…” စီရှား အသံပြုလိုက်ခြင်းပါတည်း။ ရီဝမ်ဝမ်သည်ကတော့ အိတ်တစ်အိတ်ကို ရှာကာ အဲဒီပစ္စည်းတွေအားလုံးကို ထည့်နေချေပြီ။ သူမရဲ့ စားပွဲခုံထဲက အားလုံးကို ထုတ်ယူပြီးပြီ ဆိုတော့မှ နောက်ဆုံးမှာ သူမရဲ့ စာအုပ်တွေကို ထည့်လိုက်ပါ တော့၏။ ဒီနောက် သူမရဲ့ ခေါင်းကို လှည့်လာကာ သူ့အား ကြည့်လိုက်ပြီး “နင် အခု ဘာလုပ်ချင်လို့လဲ ...” စီရှား။ သူမကို ကြည့်လိုက်ကာ ပြောင်လှောင်လိုက်ပါတော့၏။ သနားသည်ဟူသော အကြည့်လေးဖြင့် သူ ပြောလာသည်ကား… “မင်း အစောကတည်းက ဒီလိုပုံမျိုးနေရင် ဒီလောက်အကြာကြီးကြာအောင် မင်း အလှောင်ပြောင် ခံလာခဲ့ရမှာ မဟုတ်ဘူး… ဟုတ်တယ်မှတ်လား ...” သူ့အား မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပါသည့် ရီဝမ်ဝမ်။ “ငါ့ဘေဘီလေး သဘောကျနေသရွေ့ အဆင်ပြေတယ်။ ငါ့ဘေဘီလေးအတွက်၊ သူသာ ကြိုက်မယ်ဆိုရင် ငါ သရဲမလိုတောင် ဝတ်စားပေးလို့ရတယ်၊ ရုပ်ဆိုးတာက မှုစရာကို မလိုဘူး။ င့ါကို တစ်ယောက်ထဲ ထားစမ်းပါ ...” ဘေဘီ…. ရီဝမ်ဝမ်ရဲ့ စီရီဟန်ကို ဘယ်လိုခေါ်လိုက်လဲ ဆိုသည်ကို သူ ကြားလိုက်ရသည့်အခါ သွေးတို့ အန်လုနီးပါးပင် ဖြစ်သွားရတော့လေသည်။
Goddess ရေးသားသော စာအုပ်များ
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၇)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၃)
    Free
  • ချိုမြိန်သောဇနီးဆိုးလေး (အပိုင်း-၅)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၁)
    Free
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၂)
    Free
  • ချိုမြိန်သော ဇနီးဆိုးလေး (စာစဉ် ၈)
    500 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • အမတရှာပုံတော်
    700 Ks
  • နှောင် (ပထမတွဲ)
    800 Ks
  • ဧည့်ခန်းထဲကလူကြီး (ဘာသာပြန်)
    600 Ks
  • 1Q84 (Chapter-8)
    400 Ks
  • အထွတ်အထိပ်
    800 Ks
  • 1Q84 (Chapter-9)
    400 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ