ချိုမြိန်သော ဇနီးဆိုးလေး (စာစဉ် ၈)

Goddess

500 Kyats ကျပ်
အိမ်ခန်းထဲက ခန်းဆီးတို့မှာ အလင်းရောင် မှိန်မှိန်ပျပျလေး လင်းနေသည့် အလင်းတန်းလေးသာ ရေးဆွဲလို့ ထားလေသည်။ နူးညံ့ဇိမ်ကျပြီး နွေးထွေးသည့် အိပ်ရာထက်ဝယ်၊ သူမလေး နံဘေးတွင် မကောင်းဆိုးဝါး ဆန်စွာ ချောမောခန့်ညားလို့ နေပါသည့် လူသားတစ်ယောက် လဲလျောင်းလို့ နေလေသည်။ ဘယ်လူသား မဆိုပင် သေချာပေါက် မနိုးသော အိပ်ခြင်းနှင့် အိပ်စက်မိသွားချင် ပေလိမ့်မည်။ အချိန်အကြာကြီး စိတ်ပူနေခဲ့ မိပြီးသည့်နောက် သူမ အရမ်းကို အားကုန်သွားကာ အရုဏ်ဦး အထိ တစ်လျှောက်လုံး အိပ်ပျော် မိသွားလိမ့်မည်ဟု ရီဝမ်ဝမ် စိတ်ပင်မကူးမိ စဖူးခဲ့ခြင်းပါ။ သူမ မသိပင် မသိလိုက်မိသည်ကား စီရီဟန် ဘယ်တုန်းက ဝင်လာခဲ့တာလဲဆိုသည်။ ရီဝမ်ဝမ်ရဲ့ ခါးသိမ်လေးအား လက်ကြီးကြီး တစ်ခုဖြင့် ပွေ့ဖက်လို့ ထားသည်မှာ သူမရဲ့ ခန္ဓာကိုယ်သည် ခေါင်းအုံးတစ်ခုအလား နှယ်ပင်။ ဒီအနေအထား ကြီးသည်ကား သူမရဲ့ရင်အစုံကို ဝုန်းဒိုင်းကြဲလို့ နေစေလျက် ။ “ဟေး၊ အမ်... ကျွန်မ စာကြည့်ရဦးမယ်... ” အနှီလူသား၏ မျက်လုံးတို့သည်ကား ပွင့်လာခြင်း မရှိပါချေ။ သူသည် သူမအား အိပ်ရာမှ ထသွားခွင့်ပေးမည့် အရိပ်အယောင် ရှိလို့မနေ။ အသံတိုးတိုးလေးဖြင့် ပြောလာပါ၏ ။ “နှစ်နာရီကျန်သေးတယ်” “အမ်... ” ဆွံ့အသွားရတော့သည့် ရီဝမ်ဝမ်ပါတည်း။ မနေ့ညက သူမသည် ၁၂ နာရီမှာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပြီး အခုမနက် ၆ နာရီထိုးပြီ ဖြစ်လေရာ။ အိပ်ချိန် ၈ နာရီ ပြည့်ဖို့ရာ ၂ နာရီကျန်လို့ နေသေးပေသည်။
Goddess ရေးသားသော စာအုပ်များ
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၂)
    Free
  • ချိုမြိန်သောဇနီးဆိုးလေး (အပိုင်း-၄)
    1000 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၁)
    Free
  • ချိုမြိန်သောဇနီးဆိုးလေး (အပိုင်း-၅)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၇)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (စာစဉ် ၈)
    500 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • ဦးနှောက်မြူးသူတစ်ယောက်
    800 Ks
  • မြန်မာသံတော်ဆင့်နှင့် မောင်မိုးသူအတွေးများ
    600 Ks
  • အကြောင်းမဲ့သက်သက်
    600 Ks
  • သစ္စာဖောက်ဘွန်း
    600 Ks
  • ပိုင့် ဘ၀လမ်း
    700 Ks
  • သဇင်သင်းပြန်တော့
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ