မိန်းမသားတို့ရဲ့ အတွင်းစကား

နှင်းသီရိ ကျက်သရေ

600 Kyats ကျပ်
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆက်ဆံရေးမှာ သမီးရည်းစားဘဝက နားလည်မှု ရှိကြတယ် ဆိုပြီး အိမ်ထောင်သည်ဘဝကို ကူးပြောင်းကြတယ်။ ဒီအခါမှ ကိုယ်တကယ် နားမလည်တဲ့ တစ်ဖက်လူရဲ့ သူမဟုတ်သော အခြား ဘဝစာမျက်နှာတွေကို လှန်ကြည့်ရတော့တာပဲ။ ဒါတွေက ကိုယ်မနှစ်သက်တာမျိုးတွေဖြစ်နေရင် များသောအားဖြင့် အချစ် ကြောင့်ဖြစ်ဖြစ် သည်းခံလိုက်ကြတယ်။ ဒါပေမယ့် အခြားတစ်ယောက်ကို ဘယ်လောက်ပဲ တန်ဖိုးထားတယ်ဆိုဆို အမြဲတမ်း အပြစ်မဝင် ချစ်ခင်နေဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ သည်းခံတာတွေ များလာတဲ့အခါ၊ မျိုသိပ်တာတွေ များလာတဲ့အခါ အစိုင်အခဲတစ်ခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာပြီး အက်ကြောင်းတွေထင်နေတဲ့ ဆက်ဆံရေးနဲ့ သာယာမှုတွေပျောက်ဆုံး သွားရတော့တယ်။ အထူးသဖြင့် မိန်းမတွေဟာ ခင်ပွန်းက ဘယ်လိုအချက်တွေကို မနှစ်သက်ဘူးလဲ၊ ဘယ်လိုအရာတွေကို မနှစ်သက် ဘူးလည်းဆိုတာ မသိကြတော့ တဖြည်းဖြည်းနဲ့ အိမ်ထောင်သက်ကြာလာတဲ့အခါ အိမ်ထောင်ဖက်ရဲ့ ငြီးငွေ့မှုကို ခံလာရ တော့တယ်။ ဒီလိုမဖြစ်ရအောင် ဆရာမနှင်းသီရိကျက်သရေက သူမရဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို အခြေပြုပြီး ဘဝတူ မိန်းမသားတွေအတွက် မိန်းမတို့ရဲ့ လျှို့ဝှက်ချက်ကို ရေးသား မျှဝေပေးလိုက်တာဖြစ်တယ်။ တစ်နည်းအားဖြင့် မိန်းမချင်း ပြောကြတဲ့ မိန်းမတို့ရဲ့ အတွင်းစကားပေါ့။ ကဲ … အမျိုးသမီးစာဖတ်သူအပေါင်းတို့ အတွင်းစကားလေးတွေ နားထောင်ကြည့်ကြရအောင် … ။
နှင်းသီရိ ကျက်သရေ ရေးသားသော စာအုပ်များ
  • အချစ်များနှင့် လှပခြင်း ဘ၀လမ်းဆီသို့
    600 Ks
  • ကျန်းမာလှပ၊ အရွယ်တင် နုပျိုလိုသူ အမျိုးသမီးတိုင်းအတွက် ကျန်းမာပျော်ရွှင်သော လှပခြင်းဘ၀သစ်ဆီသို့
    600 Ks
  • ရှင်သန်ခြင်းအလင်းရောင်
    600 Ks
  • ပန်းစံပယ် နန်းလယ် မပေါ်ခိုက်ဟာမို့
    600 Ks
  • မိန်းမသားတို့ရဲ့ အတွင်းစကား
    600 Ks
  • လေပြည်ညင်းရဲ့တေးခတ်သံ
    600 Ks
'အချစ်၊ အလွမ်း ရသဝတ္ထုစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ဗုဒ္ဓဟူးအနမ်း အတွက် ရှင်းတမ်း
    600 Ks
  • ကြံကြံဖန်ဖန်ရွှေဖူးစာ
    600 Ks
  • နွေးသူ့ရင်မှာ နားခိုလှည့်ပါ
    600 Ks
  • တိုးတိုးလေးပြောမယ် ချစ်တယ်
    700 Ks
  • ယုံကြည်စွာဖြင့်
    600 Ks
  • ရင်ခွင်သမုဒ္ဒရာ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ