အလွမ်းရှင် (အပိုင်း-၆)
ဟေသုဒြာ
200 Kyats ကျပ်
...ဘုံ့ မျက်ဝန်းနက်နက် လေးများသည် လရောင်အောက်တွင် မျက်ရည်စတို့ကြောင့် ရွှန်းလဲ့လို့ နေသည်။ ခဏနေတော့ အလွမ်းရှင် ကားလေး ခြံထဲသို့ ဝင်လာခဲ့သည်။ ဦးတူးက ခြံတံခါးကို သေချာစွာ ပိတ်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူ့တာဝန် ပြီးဆုံးသွားပြီ မဟုတ်ပါလား။ သူ အနားယူတော့မည် ဖြစ်သည်။
အလွမ်းရှင် ပေါ်တီကို အောက်တွင် ကားကိုရပ်ပြီး ဘုံရှိရာသို့ လျှောက်လာခဲ့သည်။ လက်ထဲတွင်လည်း အထုပ်တစ်ထုပ် ပါလာခဲ့သည်။ "ရော့... မနက်ဖြန် အတွက် သေချာပြင်ဆင် ထားပါ၊ မိတ်ကပ် ပြင်ဖို့လည်း ငါ မာမီသက်ကို ပြောထားတယ်၊ သူ ညနေ ငါးနာရီလောက် လာလိမ့်မယ်၊ ပွဲက ည ၇ နာရီကနေ စမယ်၊ ၁၀ နာရီထိ"
ဘုံ အလွမ်းရှင် ပေးသည့် စက္ကူလက်ဆွဲ အိတ်လေးကို လှမ်းယူကာ ... "ကျွန်မ မိဘတွေကတော့ မလာနိုင်ဘူးနော်၊ သူတို့မအားဘူး " "ရတယ် ကိစ္စမရှိဘူး၊ မင်း သူငယ်ချင်းတွေကို ဖိတ်ချင်ရင် ဖိတ်လို့ ရတယ်နော် " "ရှင် မပြောလည်း ဖိတ်ထားပြီးသားပါ၊ ဘုံ့ရဲ့ပွဲပဲ၊ ဘုံ့ သူငယ်ချင်းတွေ မပါလို့ရမလား "
"အေးပါ ... ဖိတ်ပါ၊ ငါ့ သားရော " "အမေတို့ အခန်းထဲမှာ အိပ်နေတယ် " "ပြီးရော ... " အလွမ်းရှင် အိမ်ထဲသို့ ဝင်သွားခဲ့သည်။ ဘုံ သူ့နောက်မှ လိုက်လာခဲ့သည်။ အိမ်တံခါးမကြီးကို ပိတ်လိုက်ပြီး အပေါ်သို့ တက်ခဲ့လိုက်သည်။
ဘုံ အခန်းတံခါးကို ဖွင့်လိုက်တော့ အထဲမှာ သူရှိနေသဖြင့် လန့်သွားသည်။ ဘုံ အခန်းထဲသို့ ဝင်လာလိုက်ပြီး တံခါးလေးကို အသာပြန်ပိတ် လိုက်လေသည်။ ခုတင်ပေါ်တွင် လက်ပ်တော့ တစ်လုံးနှင့် အလုပ်လုပ်နေသည့် အလွမ်းရှင်ကို မရဲတရဲ ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည် ... "ဦးရှင်က ဒီမှာ အိပ်မလို့လား "
ဟေသုဒြာ ရေးသားသော စာအုပ်များ
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
-
ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၈)
500 Ks
-
ကောင်းကျိုးမပေးသော သမီးပျို (စာစဉ်-၁၃)
200 Ks
-
ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၇)
500 Ks
-
သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၄)
800 Ks
-
အစ၏အဆုံး … အဆုံး၏အစ (စာစဉ်-၉)
500 Ks
-
ပန်းပျိုးသူရဲ့ မှော်အတတ်
800 Ks
Prev
Next