အလွမ်းရှင် (အပိုင်း-၃)

ဟေသုဒြာ

200 Kyats ကျပ်
..."အခု ဘယ်က ပြန်လာတာလဲ " ဖေဖေက ခပ်ပြတ်ပြတ် မေးလျှင် ဘုံက မဆိုင်းမတွပင် ဖြေသည်။ "ရှိုးပွဲကလေ၊ ဘုံဒီနေ့ ရှိုးပွဲ သွားမယ်လို့ ဖေဖေတို့ကို မနက်ကတည်းက ပြောထားတယ်လေ၊ အပြန် နောက်ကျမယ် ဆိုတာလဲ ပြောထားတယ်လေ " "အေးလေ၊ အဲဒီကို သူငယ်ချင်းတွေနဲ့ သွားမှာဆို၊ အခုဘာလို့ သမီး တစ်ယောက်တည်း ဖြစ်နေ ရတာလဲ " "သူတို့ကမှ မလိုက်ချင်တာ " "အဲဒါနဲ့ပဲ တစ်ယောက်တည်း အဖော်မပါဘဲ သွားလိုက်တယ်ပေါ့ " "မေမေကလည်း၊ သီချင်းဆိုတဲ့ ရှိုးမှမဟုတ်တာ၊ တစ်ယောက်တည်း သွားလို့လဲ တင့်တယ် ပါတယ်၊ ဒီပွဲကို လာတဲ့သူတိုင်းက ဒီဇိုင်နာလောကက သူတွေနဲ့ အနုပညာရှင်တွေ မော်ဒယ်တွေ ချည်းပဲ၊ ပေါက်လွှတ်ပဲစားတွေ မပါပါဘူး " "တော်စမ်း ရွယ်တေးဘုံ၊ ညည်း မိဘတွေကို ပြန်ပြောမနေနဲ့၊ ကဲ.. ထားပါတော့ တစ်ယောက်တည်း သွားတာက၊ ညည်းက အဲဒီရှိုးပွဲက မော်ဒယ်လ် ဖြစ်သွားရတာက ဘာကြောင့်လဲ၊ ညည်း ဘာတွေ လုပ်နေတာလဲ ရွယ်တေးဘုံ၊ မိဘတွေကိုတောင် အသိမပေးဘဲ လုပ်ချင်တာတွေ လုပ်နေ တာလား" ဘုရား ... ဘုရား၊ ငါ မော်ဒယ်လ် လုပ်တာ မေမေတို့က ဘယ်လို သိသွားတာပါလိမ့် ... ။ ဘုံစိတ်ထဲ ကျိတ်ကာ တွေးနေမိသည်။
ဟေသုဒြာ ရေးသားသော စာအုပ်များ
  • ကျွန်မခံစားမိတဲ့ အချစ်
    600 Ks
  • အလွမ်းရှင် (အပိုင်း-၂)
    Free
  • အလွမ်းရှင် (အပိုင်း-၅)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၁)
    Free
  • အလွမ်းရှင် (အပိုင်း-၁၀)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၁၂) (ဇာတ်သိမ်းပိုင်း)
    200 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • လေလွင့်တိမ်ပမာ သိုင်းခြေရာ (စာစဉ်-၃)
    500 Ks
  • ကောင်းကင်ဘုံ စာကြည့်တိုက် (စာစဉ်-၄၃)
    300 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၄)
    Free
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၅) (ဇာတ်သိမ်းပိုင်း)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၁)
    500 Ks
  • ဒန်ဆေးနတ်ဘုရား ချန်ရှန် (စာစဉ်-၁၆)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ