ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၀)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
ဘယ်လိုပဲ ဖြစ်ဖြစ် ဦးချိုကိုးချောင်း မြွေနဂါးကို ယဉ်ပါးအောင် လေ့ကျင့်ပေးတဲ့ ကိစ္စက အရမ်းကို အန္တရာယ်များတဲ့ ကိစ္စပါ။ ဒီလို ယဉ်ပါးအောင်လေ့ကျင့်နေတဲ့ အချိန်မှာ မြွေနဂါးဟာ အရမ်းကို ရုန်းကန်လာလိမ့်မယ်လေ။ သူ့ကို ထိန်းချုပ်ဖို့ အပြင်ဘက်က စွမ်းအင်တွေ အသုံးပြုလာရပါလိမ့်မယ်။ ဒီကျင့်စဉ်ကျမ်းမှာလည်း လိုအပ်တဲ့ ပစ္စည်းတွေ မှတ်သားပေးတယ်လေ။ ခမ်းနားကြီးကျယ်သော မိုးခြိမ်းသံ နတ်ဘုရားကျောက်မျက်၊ အကြိမ်တစ်ထောင်ဆွေးမြေ့ နတ်သစ်သီး ဒါမှမဟုတ် ပျက်စီးခြင်း ၀တ်မှုန်…. အကြိမ်တစ်ထောင် ဆွေးမြေ့ နတ်သစ်ပင်…. သူတို့ရဲ့ နောက်ဆုံးသော သက်တမ်းကို ရောက်ရှိလာတဲ့အခါမှာ..သူတို့တွေဟာ ဆွေးမြေ့ ပျက်စီးလာပါလိမ့်မယ်။ သူတို့တွေ ဆွေးမြေ့ပျောက်ကွယ်သွားတဲ့အခါမှာတော့.. ပင်ပျိုအသစ်လေးဟာ ပြန်လည်ပြီး ထွက်ပေါ်လာမှာပါ။ ဒီလို သစ်ပင်ပျိုလေးဟာ အရင်တုန်းက သစ်ပင်ထက် ပိုပြီးတော့ မြင့်မားကြီးထွားလာပါလိမ့်မယ်။ ဒါပေမဲ့လည်း အချိန်တန်တဲ့အခါမှာ စတင်ပြီးတော့ ဆွေးမြေ့ပျက်စီးဦးမှာပါ။ ဆွေးမြေ့ပျက်စီးသွားတိုင်းမှာ ပိုပြီး ကြီးထွားသန်မာတဲ့ အပင်သစ်လေးဟာ ဆက်လက်ပြီးတော့ ပေါက်လာပါလိမ့်မယ်။ နောက်ဆုံးမှာတော့ အကြိမ်တစ်ထောင် ဆွေးမြေ့ပျက်စီးပြီး မွေးဖွားခြင်းကို ရောက်ရှိသွားလိမ့်မယ်။ နတ်သစ်ပင်ဟာလည်း သူ့ရဲ့ အင်အားအကန့်အသတ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီအချိန်မှာတော့ သစ်သီးသီးလာပါလိမ့်မယ်။ ဒီလို သစ်သီးကိုတော့ အကြိမ်တစ်ထောင် ဆွေးမြေ့ နတ်သစ်သီးလို့ သိကြပါတယ်။ ဒီသစ်သီး သီးလာဖို့ လိုအပ်တဲ့ စုစုပေါင်းကြာမြင့်ချိန်က ပျက်စီးခြင်း စက်ဝန်းတစ်ခုပါ။ ရင့်မှည့်လာတဲ့အခါ သစ်သီးဟာ သစ်ပင်ထက်က ကြွေကျလာပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာမဟုတ်ပဲ တခြားအရာတွေကို ထိတွေ့မိတာနဲ့ ချက်ချင်းကို ဖုန်မှုန့် ဖြစ်ပြီး လွင့်ပြယ်သွားမှာပါ။ ဒါကြောင့်… ဒီ သစ်သီးကို ဖမ်းယူထားဖို့အတွက် ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ သစ်သီးရင့်မှည့်ပြီး ကြွေကျလာပြီးတဲ့အခါမှာတော့… အကြိမ်တစ်ထောင် ဆွေးမြေ့ နတ်သစ်ပင်ဟာ နောက်တစ်ဆွေးမြေ့ပျက်စီးသွားမှာ ဖြစ်ပြီးတော့ စက်ဝိုင်းအသစ် ပြန်လည်ပတ်လာပါလိမ့်မယ်။ အကြိမ်တစ်ထောင် ဆွေးမြေ့ နတ်သစ်သီးမှာ အံ့မခန်း အစွမ်းသတ္တိတွေ ပါဝင်တယ် ပြောလို့ရပါတယ်။ ပန်ဂဲ ပျက်စီးခြင်း နိုင်ငံတော်မှာတောင်မှ ကမ္ဘာအဆင့် တန်ခိုးရှင်တွေသာ ဒီသစ်သီးကို ပိုင်ဆိုင်ထားခွင့်ရှိပါတယ်။
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ကဗျာသူရဲကောင်း (၁)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၅)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၅)
    1000 Ks
  • ကဗျာသူရဲကောင်း (၂)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၀)
    1000 Ks
  • ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ်-၃)
    1000 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • နဂါးအမှတ်အသားနှင့် စစ်နတ်ဘုရား (စာစဉ်-၈)
    1000 Ks
  • အမှောင်ကမ္ဘာမှသိုင်းရာဇာ (၃ ဇာတ်သိမ်း)
    500 Ks
  • မဟူရာကမ္ဘာ၏ တန်ခိုးရှင် (စာစဉ်-၂)
    Free
  • ကြီးမြတ်သော အုပ်ချုပ်သူ (စာစဉ်-၇)
    500 Ks
  • မိုးကြိုးဓားနှင့်ပိုင်ချူးရီ (ပထမပိုင်း)
    400 Ks
  • သိုင်းပညာဆိုသည်မှာ (စာစဉ်-၅ ဇာတ်သိမ်းပိုင်း)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ