နဂါးသူရဲကောင်း (စာစဉ်-၇) (စာမြည်း)

ရဲအောင်

အခမဲ့
အခြား လေပြည် ဝံပုလွေ တစ်ကောင်က လုံးဝကို မရွေ့လျားခဲ့ပါဘူး။ အဲဒီနေရာမှာပဲ ရပ်နေပြီးတော့ လင်းလီကို စိုက်ကြည့် နေခဲ့ပါတယ်။ သူ့ရဲ့ အေးစက်စက် အစိမ်းရောင် မျက်လုံးတွေထဲမှာ ကြောက်မက်ဖွယ် အော်ရာတွေ စတင် ပြည့်နှက်လာခဲ့ပါတယ်။ သူက တစ်စုံတစ်ယောက် အတွက် ဝမ်းနည်းနေဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီးတော့ တိုးလျသော အသံဖြင့် ဆွဲဆွဲငင်ငင် အူနေလိုက်သည်။ “လေပြည် ဝံပုလွေသာ ဒဏ်ရာမရခဲ့ဘူးဆိုရင် ငါ့ရဲ့ အဆင့် ၄ စစ်သည်တော် စွမ်းအားနဲ့ ငါ သူ့ကို ဘယ်လိုမှ သတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါ အိပ်မက် မက်နေတာပဲ...” လင်းလီက လေပြည် ဝံပုလွေတွေရဲ့ အမြန်နှုန်းကို ကောင်းကောင်းကြီး သိတယ်လေ။ သူသာ လေဓာတ် အထောက်အကူ မန္တန်ရဲ့ အကူအညီကို မရခဲ့ဘူးဆိုလျှင် သူ့အနေနဲ့ အမြန်နှုန်းမှာ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ။ လင်းလီက ချက်ချင်းပင် အခြား မန္တန်တစ်ခုကို နှုတ်ခမ်း မလှုပ်တလှုပ် ရွတ်နေရင်းနှင့် တစ်ဝက်တစ်ပျက်မှာတင် သူ၏မျက်နှာအမူအရာက ပြောင်းလဲ သွားခဲ့သည်။ “မကောင်းတော့ဘူး...” လေပြည် ဝံပုလွေ၏ တိုးလျသော အူသံများက မှော်သားရဲ တောင်တန်းထဲတွင် ပဲ့တင်သံများ အဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့အပြားမှ တညီတညွတ်တည်း ထွက်ပေါ်လာခဲ့သည်။ လင်းလီက သူ၏အကြည့်အား အရပ်မျက်နှာ တစ်ခွင်သို့ ဖြန့်ကြက်လိုက်သည်။ အမှောင်ထုထဲတွင် ပုန်းကွယ်နေသော အေးစက်စက် မျက်လုံး အစုံများကို တစ်ခုပြီးတစ်ခု တွေ့လာခဲ့သည်။ “ဒါက... လေပြည် ဝံပုလွေ တစ်ကောင်တည်း မဟုတ်တော့ဘူး... ဒါ... ဒါ အုပ်စုလိုက်ကြီးပဲ…”
ရဲအောင် ရေးသားသော စာအုပ်များ
  • နဂါးသူရဲကောင်း (စာစဉ်-၃)
    500 Ks
  • နဂါးသူရဲကောင်း (စာစဉ်-၁၀)
    300 Ks
  • နဂါးသူရဲကောင်း (စာစဉ်-၁)
    Free
  • နဂါးသူရဲကောင်း (စာစဉ်-၂)
    Free
  • နဂါးသူရဲကောင်း (စာစဉ်-၇) (စာမြည်း)
    Free
  • နဂါးသူရဲကောင်း (စာစဉ်-၄)
    500 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • လပြည့်ည ဓားမိစ္ဆာ (ပဉ္စမပိုင်းဇာတ်သိမ်း)
    450 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၃)
    500 Ks
  • သခင်မ၏ကျေးကျွန် (ဒုတိယပိုင်းဇာတ်သိမ်း)
    400 Ks
  • ချစ်သွေးသက်သေ (ပထမပိုင်း)
    500 Ks
  • သိုင်းသမားတစ်ယောက်၏ အတ္ထုပ္ပတ္တိ (စာစဉ်-၅)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၂)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ