ရမ္မက်၏နိဂုံး

မင်းမြတ်သူရ

450 Kyats ကျပ်
“လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သူတစ်ပါးအပေါ် စေတနာ၊ မေတ္တာထားတတ်ဖို့ပဲ လိုတယ်လို့ ငါထင်တယ်” တဲ့။ ဒါဟာ ‘ရွှေတိုး’ ပြောတဲ့ စကားလေးပါ။ ကလေးဘဝကတည်းက ခင်လာတဲ့ ရွှေတိုး၊ ထားမေ နဲ့ လှရင်တို့ သူငယ်ချင်း သုံးယောက်မှာ ထားမေက ဖခင်ဆုံးပြီး စီးပွားရေး အခက်အခဲကြောင့် ခုနစ်တန်းနဲ့ ကျောင်းထွက်ပြီး ဘုရားမှာ ပန်းရောင်းနေရတယ်။ ကျန် နှစ်ဦးကတော့ ကျောင်းဆက်တက်ပေါ့။ လှရင်ကတော့ ပိုက်ဆံရှိတယ်။ မာနကြီးတယ်။ အငြိုးကြီးတယ်။ သက်သက်မဲ့ ထားမေကို မနာလို ဖြစ်နေတယ်။ ထားမေတစ်ယောက် သူမရဲ့ ရိုးသားမှုနဲ့ ပင်ကိုအရည်အချင်းကြောင့် ကျောင်း ဆက်တက်ခွင့်ရတဲ့အခါ လှရင်က ပိုလို့ မနာလို ဖြစ်လာတယ်။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ထားမေဟာ သူတို့ သူငယ်ချင်းတွေ ကြားထဲမှာ အချောဆုံး အတောင့်ဆုံး။ ရွှေ့တိုးက ထားမေကို ကရုဏာသက် ဦးစားပေးလေလေ ထားမေအပေါ် လှရင်ရဲ့ မျက်မုန်းကျိုးမှုက ပိုရင့်လေလေပဲ။ ဒါနဲ့ ရွှေတိုးမှာ ငွေတိုး ဆိုတဲ့ ညီတစ်ယောက် ရှိသေးတယ်။ သူက ထားမေကို မျက်စိ အကျကြီးကျနေတဲ့ သူ။ ဒီဝတ္ထုထဲမှာ ဆရာမင်းမြတ်သူရက အဲ့ဒီလိုမျိုး ဇာတ်ကောင်တွေကို အပြိုင်အဆိုင် ချပြထားတယ်။ သာမန် အချစ်ဝတ္ထုလို့ ထင်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဘယ်လို ဇာတ်ကွက် အလှည့်တွေ ပါမလဲကတော့ ဖတ်သာကြည့်ပေတော့နော်
မင်းမြတ်သူရ ရေးသားသော စာအုပ်များ
  • ဆားပုလင်းမင်းအောင် နှင့် မနောသုခရွှေအိုး
    450 Ks
  • ဆားပုလင်းမင်းအောင်နှင့် ကြာဖြူပန်းကလေး
    450 Ks
  • နေသူရိန် ကျောင်းတော်သား
    450 Ks
  • နေနဲ့လနှစ်ပါးဆိုင်
    450 Ks
  • လိုတရကံကြီးရှင်
    450 Ks
  • ရွှေကျီးညိုနှင့် တန်ခိုးရှင်
    450 Ks
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • တိုက်ပွဲဟူသည်
    800 Ks
  • ဖြတ်သန်းသွားလာခွင့်မရှိ
    400 Ks
  • ကြွေသောရွက်ဝါ လှသောအိပ်မက်
    500 Ks
  • မျက်ဝန်းမှရွာတဲ့မိုး
    600 Ks
  • တတိယဆိပ်ကမ်း
    600 Ks
  • အောက်မေ့ဖွယ် ... သူ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ