မရမ်းတလင်းလက်ဆောင် - ဒုတိယတွဲ
မင်းသိင်္ခ
600 Kyats ကျပ်
ဆရာမင်းသိင်္ခဦးစီးထုတ်ဝေခဲ့တဲ့ မနောမယဂျာနယ်မှာ စာဖတ်သူများ အထူးစိတ်ဝင်စားပြီး အပတ်စဉ်စောင့်ဖတ်ခဲ့ကြတဲ့ ကဏ္ဍကြီးတစ်ခုရှိပါတယ်။ အဲဒါကတော့ မနောမယထမင်းဝိုင်းဆိုတဲ့ ကဏ္ဍပါ။ အဲဒီကဏ္ဍမှာ ဆရာမင်းသိင်္ခဟာ သူလေ့လာ ဆည်းပူး ပါရမီဖြည့်ကျင့် ရရှိထားတဲ့၊ လောကီလူသားတွေအတွက် အပူမီးငြိမ်းစေရေး ဗေဒင်ယတြာတွေကို အခမဲ့ဖြန့်ဝေ ပေးထားတာပါ။ ဆရာ့ရဲ့ ဒီလောကီအပူမီးငြိမ်းရေး ယတြာအစီအရင်တွေဟာ လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်တာကြောင့် ဒီအတိုင်းလုပ်ကိုင်ဆောင်ရွက်ရင်း အကျိုးကျေးဇူး ရရှိသွားတဲ့ ထုနဲ့ထည်နဲ့ ရှိပါတယ်။
အခု မရမ်းတလင်းလက်ဆောင်ဟာလည်း ဆရာမင်းသိင်္ခရဲ့ လောကီလူသားများအပေါ် စေတနာမေတ္တာထား ဖြန့်ဝေထားတဲ့ ဂမ္ဘီယတြာများဖြစ်တာကြောင့် စာဖတ်သူဝေနေယျတို့ ယုံယုံကြည်ကြည်နဲ့ လိုက်ပါလုပ်ဆောင် အကျိုးကျေးဇူးခံစားခဲ့ရတဲ့ အစီအရင်များပဲဖြစ်ပါတယ်။ ဆရာကတော့ စာအုပ်အမှာစာမှာ “သင်အသုံးပြုကြည့်၍ သင့်အတွက် အကျိုးရှိသည်ဆို လျှင် ကျွန်ုပ်အနေနှင့် မည်မျှဝမ်းမြောက်ပီတဖြစ်မည်ကို ရေးသားဖော်ပြနိုင်ခြင်း မရှိတော့ပါ”လို့ရေးသားထားပါတယ်။ ဆရာ ကွယ်လွန်သွားပြီဖြစ်ပေမယ့် ဆရာ့ရဲ့ ဒီအစီအရင်တွေဟာ စာဖတ်သူတို့အတွက် ထာဝစဉ် အကျိုးရှိစေမှာမို့ အိတ်ဆောင်အစီ အရင်များအဖြစ် အမြဲမပြတ်သိမ်းဆည်း အသုံးချနေရမယ့် အရာများပဲ ဖြစ်ပါတယ်။
မင်းသိင်္ခ ရေးသားသော စာအုပ်များ
-
ပြည်တော်ဝင် စနေမောင်မောင်
800 Ks
-
ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းသာပေါ်ကမျောက်သုံးကောင် (ပ)
800 Ks
-
ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသောမုတ်ဆိတ်
800 Ks
-
မအောင်ရင်
800 Ks
-
မြရည်ကံသာ
800 Ks
-
ပတ္တမြားမိုး
800 Ks
Prev
Next
'ပညာရပ်ဆိုင်ရာ စာအုပ်များ' စာအုပ် အမျိုးအစားများ
-
ဂျပန်နဲ့ ကိုရီးယားအကြိုက် ဟင်းလျာ
600 Ks
-
PC System Administration
1000 Ks
-
Using Android on Mobile Phones & Tablets
1000 Ks
-
မိသားစုနှင့် လူမှုရေးဆိုင်ရာ မေး-ဖြေ
1500 Ks
-
မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ
600 Ks
-
မှားတတ်သော မြန်မာစာအရေးအသား (အမှန်ရေးနည်း)
600 Ks
Prev
Next