ယမကာ လုလင်

မင်းလူ

800 Kyats ကျပ်
ဒီစာအုပ်ကတော့ အထွေအထူး ပြောစရာတောင် မလိုဘူးထင်ပါ့ခင်ဗျာ။ အနည်းဆုံးတော့ ဝတ္ထုအမည်ကို ကြားဖူးကြပါလိမ့်မယ်။ ‘ယမကာလုလင်’ ဆိုတာ ဆရာမင်းလူရဲ့ နာမည်ကြီးလက်ရာ တစ်ခုလို့ ပြောရမှာပါ။ ဒီဝတ္ထုကို နာမည်ပေးဖို့ အတော်လေး စဉ်းစားလိုက်ရတယ်။ ပြီးတော့ အရက်ကောင်းကြောင်း ရေးမှာလား၊ ဆိုးကြောင်း ရေးမှာလား၊ ဒါကိုလည်း ခပ်ခက်ခက်လေး တွေးလိုက်ရသေးတယ်လို့ ဆရာမင်းလူက ဆိုထားတယ်။ ပြီးတော့ ဘယ်လိုပုံစံနဲ့ ရေးမလဲ။ ဒီအကြောင်းကိုလည်း ဆရာ့ရဲ့ အမှာစာမှာ စိတ်ဝင်စားဖွယ် တွေ့ရပါဦးမယ်။ ဒါနဲ့ ဒီစာအုပ်က အရက်အကြောင်း မဟုတ်ဘူးနော်။ အရက်သမား .. အဲ့ .. မင်းလူပြောသလိုဆို ယမကာသမားတို့ရဲ့ ဓလေ့စရိုက်သဘာဝအကြောင်းတွေပါ။ ဒီတော့ စာပေနယ်ထဲက ဘယ်သူ့အကြောင်းတွေ ပါမလဲ၊ ရုပ်ရှင်နယ်ပယ်ထဲကရော၊ ဆရာမင်းလူက သူ့ပတ်ဝန်းကျင်က ယမကာလုလင်တွေအကြောင်း ဘယ်လို ရေးသားပုံဖော်သွားမလဲ။ အရမ်းဖတ်လို့ကောင်း၊ စိတ်ဝင်စားဖို့လည်းကောင်းလို့ ခုပဲ ဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
မင်းလူ ရေးသားသော စာအုပ်များ
  • ယမကာ လုလင်
    800 Ks
  • ရှော့စတိုရီ (ရသ၀တ္ထုတိုများ)
    600 Ks
  • ပြောတိုင်းယုံတဲ့ပုတ်သင်ညို
    1000 Ks
  • ကျွန်တော် ကျွန်မတို့သည်
    800 Ks
  • လွန်လေပြီးသောနှလုံး
    1000 Ks
  • ချစ်သောပန်းကလေး
    800 Ks
'ဟာသ' စာအုပ် အမျိုးအစားများ
  • သရဲမင်းသား နှင့် ဒန်းစီးလေဒီ
    600 Ks
  • အမှုတွဲ
    800 Ks
  • ဗွီအိုင်ပီချစ်သူ
    600 Ks
  • ဝတ်မှုန်ကူးတဲ့ လေပြည်ညင်း
    600 Ks
  • ဘိုးတော်လိမ် နှင့် သုဿန်စောင့် မမဲပြာ
    600 Ks
  • ကျွန်မ Facebook မသုံးတော့ပါဘူးမောင်
    800 Ks
App Download
စာရေးဆရာများ