ဆူဒါနာ အင်ပါရီယာ (စာစဉ်-၆ ) (စာမြည်း)

မင်းဆက်အာဏာ

အခမဲ့
ပွန်စာပီကလန်ကြီးရဲ့ ထိပ်တန်း သူရဲကောင်းတွေထဲက တော်တော်များများက သာမန်ထက် ပိုပြီး အစွမ်းထက်ကြ ပေမဲ့လည်း အကြီးအကဲတွေ ကတော့ တကယ့် သူရဲကောင်းကြီးတွေပါ။ “နေကိုစားသော အရှင်ဧကရာဇ်” ပညာရပ်ကို ကျင့်ကြံ အောင်မြင်သွားတဲ့ ပွန်တန်ခါကတော့ အစွမ်းထက်ဆုံး ဖြစ်ပါလိမ့်မယ်။ ဆူဒါနာအနေနဲ့ အသွင်ပြောင်း နတ်မိမယ် ဓားပညာရပ်ကို အသုံးမပြုဘူးဆိုရင် ကာတန်ဒါမှာ ရှိနေတဲ့ အဓိက သူရဲကောင်း ကလန်ကြီးတွေရဲ့ အထွတ်အထိပ် အကြီးအကဲတွေကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ တကယ့် တိုက်ပွဲကြီးတွေမှာ ဆိုရင်လည်း ဆူဒါနာရဲ့ အတွေ့အကြုံတွေဟာ တော်တော်လေးကို နည်းပါးလို့ နေပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ အသွင်ပြောင်း နတ်မိမယ် ဓားပညာ အဆင့်လေးကိုသာ အသုံးပြုမယ် ဆိုရင်တော့ အရမ်းကို အစွမ်းထက်လို့ လာမှာပါ။ “ဒီလောက်နဲ့လား ကောင်မလေး မင်း စိတ်ကူးယဉ်လွန်းနေပြီ" အမြီးနှစ်ချောင်း ဝံပုလွေကြီးရဲ့ အက်ကွဲစူးရှနေတဲ့ အသံနက်ကြီးကို ဆူဒါနာ ကြားလိုက်ရ ပြန်ပါတယ်။ “နင်က မှတ်လောက် သားလောက်အောင် မရိုက်ပေးရင် မလိမ္မာနိုင်တဲ့ သတ္တဝါလေးပါလား" ကြယ်ပွင့်တွေလို တောက်ပနေခဲ့တဲ့ ဆူဒါနာရဲ့ မျက်ဝန်းပြာတွေထဲမှာ ဒေါသတရားတွေ ပေါ်ထွက် လာခဲ့ပါတယ်။
မင်းဆက်အာဏာ ရေးသားသော စာအုပ်များ
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၁)
    Free
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၇) (စာမြည်း)
    Free
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၆ ) (စာမြည်း)
    Free
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၃)
    900 Ks
  • မဟာဂန္ဓာရီ အရှင်သခင် (စာစဉ်-၁)
    Free
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၅-ခ)
    450 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • သရဲဘုရင်ရဲ့ ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၁၁)
    800 Ks
  • အရိုးဖြူဂိုဏ်းနှင့်သွေးသောက်မောင်နှံ (ပထမပိုင်း)
    400 Ks
  • ပုရပိုက်သခင်မ (ပ)
    500 Ks
  • ရွှေဓားကိုင်၏သွေးချွေးလမ်း(ပထမပိုင်း)
    500 Ks
  • နဂါးသူရဲကောင်း (စာစဉ်-၂)
    Free
  • မြွေဘုရင်ဓားနှင့် ကျားလက်ဝါး (၂)
    400 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ