ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၂)

ထက်ဝီလျှံဖြိုး

အခမဲ့
...လင့်ဟိုလူ၏ ရှေ့တွင်ရှိသော လူမှာ တစ်ဦးတည်း မဟုတ်ဘဲ၊ သူ့ နောက်တွင်မူ လူအမြောက်အမြားတို့သည် ဆီတန်း၍ သိုင်းကွက် ဟန်များဖြင့် ချိန်ရွယ် နေကြလေသည်။ လင့်ဟိုလူသည် ထိုလူစုကို ကြည့်ရင်း တဖြည်းဖြည်း ရယ်မောချင်၍ လာခဲ့မိ၏။ ရယ်မောလိုခြင်းမှာ ထိုလူများကို မဟုတ်၊ သူ့ကိုယ်သူပင်ဖြစ်လေ၏။ အဘယ်ကြောင့်ဟူမူ သူ့ရှေ့တွင် ရပ်၍ အမျိုးမျိုး အဖုံဖုံ လှုပ်ရှားနေကြသည့် သူများသည် သက်ရှိ လူသားစစ် စစ်များမဟုတ်ကြ၊ သက်မဲ့ အရုပ်များသာတည်း။ လက်ရာ မြောက်လွန်းလှသည့် ပန်းပုဆရာကြီး တစ်ဦး ထုလုပ်ထားသော ကျောက်ရုပ်ကြီးများ သာလျှင် ဖြစ်လေသည်။ လင့်ဟိုလူသည် အံ့သြမှုကို ထိန်းချုပ်ရင်း အရုပ်ကြီးများကို တစ်ရုပ်ချင်း လိုက်လံကြည့်ရှု လိုက်မိ၏။ အရုပ်ကြီးများသည် တစ်ရုပ်နှင့်တစ်ရုပ် လှုပ်ရှားဟန်ခြင်း မတူညီကြပေ။ အရုပ်ကြီးများကို ရေတွက် ကြည့်မိပြန် သောအခါ စုစုပေါင်း နှစ်ရာနှင့် တစ်ဆယ့်ခုနစ်တိတိ ရှိလေ၏။ ယင်းအရုပ်ပေါင်း နှစ်ရာတစ်ဆယ့် ခြောက်ရုပ်သည် မျက်နှာ တစ်ဖက်တည်းသို့ မူထားပြီး ကျန်အရုပ် တစ်ခုတည်းက ဦးဆောင်၍ နေသည်။ ထိုဦးဆောင်သည့် အရုပ်ကြီးသည် သိုင်းသမားလည်း မဟုတ်။ လူကြီးအရုပ်လည်း မဟုတ်။ ကလေးငယ် တစ်ဦး၏ အရုပ်မျှသာ ဖြစ်လေသည်။
ထက်ဝီလျှံဖြိုး ရေးသားသော စာအုပ်များ
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၁)
    Free
  • သိုင်းနတ်ဘုရား၏ အမိန့်တော် (စာစဉ်-၁)
    Free
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၅) (ဇာတ်သိမ်းပိုင်း)
    500 Ks
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၃)
    500 Ks
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၄)
    500 Ks
  • သိုင်းနတ်ဘုရား၏ အမိန့်တော် (စာစဉ်-၂)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၀)
    1000 Ks
  • သိုင်းဒေဝီ၏ဒဏ္ဍာရီ (တတိယပိုင်းဇာတ်သိမ်း)
    500 Ks
  • ဆူဒါနာ အင်ပါရီယာ (စာစဉ်-၈) (စာမြည်း)
    Free
  • အစ၏အဆုံး … အဆုံး၏အစ (စာစဉ်-၁၂)
    500 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၃၉)
    500 Ks
  • သိုင်းလောက၏ စိန်ခေါ်သံ စာစဉ် (၃)
    450 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ